
ရုပ်ထုလေးတစ်ခုပါပဲ ။
ဖန်တီးမှုတစ်ခုရဲ့နောက်ကွယ်မှာဘယ်တော့မှမရိုးတဲ့နမိတ်ပုံရှိတယ်။
အေးအတူပူအမျှဝေမျှခံစားမှုတွေရှိတယ်။
------------------------------ရှိတယ်။
----------------------------ရှိတယ်။
သံသရာတစ်ရိုးလျှောက်လှမ်းမယ့်တွဲလက်တွေကြားသစ္စာဖူးသောပန်းများပွင့်ပါစေသား ။
photographer : မင်းစစ်အိမ်
တွဲလက်များ
ရယ်ဒီမိတ် အလွမ်းများနဲ့ ချာချာလည်
အိပ်မပျော်၊ နေမရ ညနက်နက်ထဲ
စည်းချက်ပျက်ရင်ခုန်သံများနဲ့ 
အသည်းအိမ်ကတလှပ်လှပ် .. .
အမှတ်ရမှု ဗရဗွကတော့
စိတ်ကူးယဉ်မရဲတရဲနဲ့ ပဲ
မင်းနာမည်ကို အသံတိတ်ခေါ်နေမိတယ် .. .။
နှုတ်ဆိတ်သွားတဲ့
မျှော်လင့်ချက်အသေတွေနဲ့ 
စိတ်ကူးယဉ်အတွေးတံခါးကိုဖွင့်လိုက်တော့
ရင်တစ်ခုလုံး မှောင်အတိကျသွား
ဒီလိုလမိုက်ညများက
သံယောဇဉ်အကျိုးအပဲ့များနဲ့ 
တစ်စားပွဲထည်းထိုင်ရင်း
မင်းနာမည်ကိုပဲ ထပ်တလဲလဲရေရွတ်နေမိတယ် .. .။
အမှောင်ထဲခေါင်းငုံ့ ထားရတယ်
အထီးကျန် နှလုံးသားက .. .
လတစ်ခြမ်းပဲ့နဲ့ ကြေကွဲရင်း
လက်ရှိ အမြစ်မဲ့အချိန်တွေမှာ
အတိတ်ကအကြင်နာအရိပ်တွေကို
တမ်းတမ်းစွဲဖြစ်လို့  .. .။
ခုလောလောဆယ်တော့
တွယ်ရာမဲ့နှလုံးအိမ်ဟာ
ပကတိနှုတ်ဆိတ်ပြီး
ရယ်ဒီမိတ်အလွမ်းတွေနဲ့ ချာချာလည် .. .။
ညအမှောင်ထဲ ငုတ်တုတ်
အလွမ်းတွေနဲ့  ကိုယ့်ကိုယ်ကိုမသဲကွဲ
မိုးရွာထဲတစ်ယောက်တည်း လမ်းပျောက်နေသလိုမျိုးပေါ့
ရင်ထဲမှာတော့
အဆွေးတွေတစ်ပွေ့ ကြီးနဲ့ နွေးထွေး
အချစ်တွေ မြွေပွေးလို
ဘယ်တော့မှခေါင်းမထောင်တော့ဘူး .. .။
ကိုချို
မရှိ မဖြစ်
ကော်ဖီ တစ်ခွက် ၊ ဂီတာ တစ်လက်
ပီစီစက် နဲ့ နက်ဝါ့ခ် ကွန်နက်ရှင်
ဖတ်စရာ စာအုပ် ၊ မှတ်စရာ စာအုပ်
ဖောင်တိန် တစ်ချောင်း ၊ ဘီး တစ်လက်နဲ့
ရှင်...မရှိလည်း
ဖြစ်တယ်...ကိုလူပျို ။ ။
ဟနစံ
မြန်မာပြည်မှာ ဟစ်ဟော့ဂီတအောင်မြင်ပြီလို့ သက်သေပြကြတဲ့ ဂျေမီ၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရဲလေး
ဟစ်ဟော့ပ်ဂီတကိုမှ ခုံမင် နှစ်သက်ပါတယ်ဆိုတဲ့ ဟစ်ဟော့ပ်ပရိသတ်တွေ အတွက် Gold ရဲ့ ပံ့ပိုးမှုနဲ့ ဘိုစန်းက ဂျေမီ၊ ရဲလေး၊ စိုင်းစိုင်းခမ်းလှိုင်တိုရဲ့ ရှိုးပွဲတစ်ပွဲကို ဇူလိုင် ၂၀ ရက်နေ့ ညနေ ၃ နာရီက ကန်တော်ကြီး မျှော်စင်ကျွန်း မိုးလုံလေလုံရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲက ၃ နာရီမှ စမှာဆိုပေမယ့်လည်း တက်ကြွတဲ့ပရိသတ် တွေက နေ့လယ် ၁ နာရီခွဲလောက်ကတည်းက လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။ လက်မှတ်ပေါက်ဈေးက ၄၅၀၀ ပဲဖြစ်ဖြစ်ကြည့်မယ်ဆိုတဲ့ လူငယ်တစ်ဖွဲ့ရဲ့ပြောသံကိုလည်းကြားမိပါတယ်။ ဒီအားပေးမှုကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ဟစ်ဟော့ပ်ဂီတထွန်းကားသွားပြီလို့ ဆိုရမှာပါ။ ဟစ်ဟော့ပ်ဂီတက လူငယ်တွေကို လက်ဆင့်ကမ်း ကူညီတတ်တဲ့အတိုင်း အဖွဲ့သစ်လေးတွေဖြစ်တဲ့ G-Family၊ ပြည့်ဖူးခိုင် စတဲ့ ဟစ်ဟော့ပ်မျိုးဆက်တွေနဲ့ ပရိသတ်ကို ထိတွေ့စေပါတယ်။ ကြော်ငြာထားတဲ့သုံးယောက်ထဲက Black ဆန်လို့ လူငယ်ကြိုက်တဲ့ ဂျေမီက အီလည်လည်ဖြစ်နေတဲ့ သူ့ပရိသတ်ပျော်ရွှင်ရအောင် သီချင်းတွေနဲ့ စဖွင့်ပါတယ်။ နောက်တစ်ယောက်က ရဲလေး။ သူကတော့ အချို လေးတွေနဲ့ပရိသတ်ကိုဖျော်ဖြေပြန်ပါတယ်။ ပရိသတ်ကြိုက်တဲ့''အိမ်'' စီးရီးထဲက သီချင်းတွေနဲ့ ပရိသတ်ကို လှုပ်စေပြန်ပါတယ်။ နောက်ဆုံးမှာတော့ စိုင်းစိုင်းခမ်းလှိုင်က အပိတ် သီဆိုပါတယ်။ စိုင်းစိုင်းက သူ့ရဲ့ အထာအတိုင်းပရိသတ်နဲ့ အခေါ်အပြော ရှိတယ်၊ ပါဖောမန့်လည်း ကောင်းတယ်ဆိုတော့ အားပေးမှုက အတိုင်းထက်အလွန် ပါပဲ။ မရိုးနိုင်တဲ့ တောဂေါ်လီကလည်း မပါမဖြစ်ပေါ့။ မျှော်စင်ကျွန်းကပြန် အထွက်မှာတော့ အရှိန်မသေသေးတဲ့ ဟစ်ဟော့ပ်ပရိသတ်က ဟစ်ဟော့ပ်ဂီတကို ရွတ်ဖတ်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ပရိသတ်ရဲ့ ပြောသံဆိုသံတွေကြားရတာနဲ့တင် ဒီပွဲ က ပရိသတ်တွေ စိတ်ကျေနပ်စေခဲ့တဲ့ပွဲလို့ ပဲဆိုရမှာပါ။
Ref # Popular Myanmar
နန်းဆုရတီစိုး
နန်းဆုရတီစိုးဆိုတာနဲ့ သွက်သွက်လက်လက်နဲ့ ဖန်စီကားလေးတွေမှာ သရုပ်ဆောင်ကောင်းတဲ့ ကောင်မလေးလို့ ပရိသတ်က ပြေး မြင်မိမှာပါ။ နန်းဆုကလည်း သူ့ကားတွေကိုကြည့်ပြီး ပရိသတ်ကို ပျော် ပျော်ပါးပါးလေး ဖြစ်စေချင်ပါသတဲ့။ သရုပ်ဆောင်ဘက်မှာ အနေအထား တစ်ခုရောက်ပြီဖြစ်တဲ့ နန်းဆုက အဆိုတော်ဘ၀မှာလည်း နေရာ တစ်နေရာရလို့နေပါပြီ။ သူသွားခဲ့တဲ့ ပြည်ပဖျော်ဖြေပွဲ ခရီးတွေက အောင် မြင်မှုရခဲ့သလို နောက်ထပ်ပြည်ပ ဖျော်ဖြေပွဲသွားဖို့လည်း ရှိပါသေး တယ်။ လောလောဆယ်တော့ ကြော်ငြာတွေ၊ ဗီစီဒီတွေ၊ ဝေါလ်ရှိ၊ ကားရိုက်စတဲ့ အနုပညာအလုပ်တွေ ရှုပ်နေတဲ့ နန်းဆုကို မေးဖြစ်တာတွေ ကတော့..
နန်းဆုရဲ့ မိုးမမြင်လေမမြင် ဗီစီဒီ စီစဉ်နေပြီလား။
အစ်ကိုက ဟိုမှာ ဒါရိုက်တာ ကောလိပ်တက်နေတာ။ သြဂုတ်လပိုင်း ဒီကိုပြန်လာပြီး နန်းဆုရဲ့အခွေမှာ နှစ်ပုဒ်ဝင်ရိုက်ပေးလိမ့်မယ်။ အဲဒီကျမှပဲ ဗီစီဒီကိုစပြီးတောက် လျှောက်လုပ်ဖြစ်မယ်။ သြဂုတ်လလယ်လောက်ဖြစ်မယ်။ ခွေထွက်ဖို့မှန်းထားတာတော့ ဒီနှစ်မကုန်ဘူးလို့ထင်တာပဲ။ ဒါပေမဲ့ ပြော ထားတဲ့အချိန်မှာ မပြီးပြီးအောင်ရိုက်ပြီး ထွက်ဖို့ကျတော့လည်း သိပ်အဆင်မပြေဘူး။ ကိုယ်ကိုယ်တိုင် စိတ်ကျေနပ်မှုရမှထွက်မှာပါ။ လုပ်သလိုမဖြစ်လို့၊ ဖြစ်သလိုတော့ လုပ်မလွှတ်လိုက်ပါဘူး။ တိပ်၊ စီဒီလောက်တော့ကြာမှာ မဟုတ်ပါဘူး။
အဲဒီခွေထဲက နန်းဆုရေးထားတဲ့ 'မောရင်ရေသောက်'က နည်းနည်း ဆန်းတယ်နော်။
ဒီလိုပါပဲ၊ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အဖြစ်အပျက်လေး တချို့ကို ချရေးပြလိုက်တာပါ။ ဒီလိုလူမျိုးတွေနဲ့ ပရိသတ်တွေကြုံလာရင် ကြိုတင် သတိထားကာကွယ်လို့ရအောင်ဆိုတဲ့သဘောမျိုးလည်းပါတယ်။ လူဆိုတာ ခံစားချက်ဖြစ်လာတော့ ထွက်လာတာပေါ့။ ပထမ အဲဒီသီချင်းကို ခွေထဲမှာထည့်ရင် ကောင်းမလား၊ မကောင်းဘူးလား ဆုံးဖြတ်လို့ မရဘူး။ နောက်တော့မှ ဆရာသမားတွေက ထည့်လိုက်ပါဆိုလို့ ထည့်လိုက်တာ။
ကိုယ်ကြုံတာတွေကိုရေးတယ်ဆိုတော့ နန်းဆု အချစ်သီချင်းတွေကိုရော ဘယ်တော့ရေးမလဲ။
အချစ်က ကိုယ်တိုင်မခံစားဖူးလည်း ရင်ဘတ်အငှားနဲ့ သူများခံစားမှုကို စိတ်ကူးယဉ်ပြီးတော့ ရေးလို့ရပါတယ်။ ခံစားချက်အစစ်တွေကတော့ ဘယ်အချိန်ရေးဖြစ်မလဲ မသိဘူး။ ရေးတော့ရေးမှာပါ။ 'ကာရန်မဲ့မျက်ရည်'မှာ Rapping တွေက နန်းဆုရေးတာလေ။ တချို့ ကပြောကြတယ်၊ အသည်းကွဲဖူး လား မသိဘူးတဲ့။ အသည်းကွဲရမှာ ကြောက်တယ်။ ကိုယ်တိုင်ခံစားဖူးပြီး ရေးရင်တော့ ပိုမိုက်မယ်ထင်တယ်။
နန်းဆု အခုဘယ်လိုကာရိုက် တာမျိုးကို ပရိသတ်ဆီ ပြချင်နေလဲ။ ဒရာမာဇာတ်တွေရော ကိုယ်က ပိုင် နိုင်နေပြီလား။
နန်းဆု အခုလောလောဆယ် အဆို၊ အကတွေပါတဲ့ အဆိုတော်တစ်ယောက်ရဲ့ကာရိုက်တာမျိုး၊ နှစ်ကိုယ်ခွဲဇာတ်တွေ၊ ဇာတ်နာတဲ့ဟာ မျိုးလေးတွေ လုပ်ပြ ချင်တယ်။ ဒရာမာကျတော့ Mood သွင်းရတဲ့အပိုင်းတွေ ကအစ ဟဲဗီးဖြစ်တယ်။ နန်းဆုက မျိုးစုံ လုပ်ကြည့်ချင်တာ။ အခုအသက်အရွယ်မှာ ဖန်စီတွေနဲ့ လိုက် နေတဲ့အချိန်။အသက် အရွယ်ရလာတော့မှ ဒီလိုသွက်သွက်ခါနေတဲ့ အက်ရှင်တွေလုပ်ဖို့က သိပ်အဆင်မပြေတော့ဘူး။ ကိုယ်လုပ်ခွင့်ရတဲ့ အချိန်မှာ ဖန်စီလေး တွေ များများလုပ်ဖြစ်သွားတယ်။ ဖန်စီတွေများနေရင် ဖန်စီဒရာမာလေးတွေရိုက်တယ်။ ဒရာမာအစစ်ကြီးတော့ တစ်ခါမှ မရိုက်ဖူးဘူး။
နေကွန်းထင်
Ref # Popular Myanmar
အိပ်ခ်ျအိုင်ဗွီလိုပဲ ဘီပိုးကိုလည်း မျက်ခြည်မပြတ်သင့်ပါ
ဘီ၊ စီ ရောဂါတွေဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရတာ
ပါ။ကင်ဆာရောဂါတွေထဲက အသည်းကင်ဆာရောဂါနဲ့သေဆုံးရသူဦးရေဟာလည်းမြင့်မားနေဆဲဖြစ်ပါတယ်။
အသည်းကင်ဆာရောဂါဟာ အရှေ့တောင်အာရှဒေသမှ အဖြစ်အများဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။အ
သည်းကင်ဆာရောဂါဝေဒနာရှင် ၁၀၀မှာ ၈၀ဦးဟာ အသည်းရောင်အသားဝါဘီကြောင့်ဖြစ်ရတာလို့လည်းသိ
ရပါတယ်။ အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ပိုးဟာ ဒီအင်န်အေ (DNA) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ အုပ်စုအ
မည်ကတော့ Hepandna လို့ခေါ်တယ်လို့ သိရပါတယ်။ရောဂါပိုးရဲ့ရောဂါပျိုးချိန်ဟာလေးပတ်ကနေ၂၀ ပတ်
ခန့် ဖြစ်ပါတယ်။ ဘီပိုးကူးစက်စေနိုင်တဲ့ အနေအထားကလိင်ဆက်ဆံမှုမှကူးစက်နိုင်တယ်၊တံတွေးကနေကူး
စက်နိုင်တယ်။ မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါတယ်။ နာတာရှည်လူနာအဖြစ်ရောက်သွားနိုင်တာက ၅ရာခိုင်
နှုန်းမှ ၁၀ရာခိုင်နှုန်းရှိပါတယ်။တူမတစ်ယောက်သဖွယ်ရင်းနှီးတဲ့ သူလေးက မေးလာပါတယ်။အသည်းရောင်
အသားဝါဘီပိုးရှိတဲ့ လူတစ်ယောက်ဟာ သွေးမလှူရဘူး၊ သွေးအလှူမခံဘူးလို့သူကြားဖူးတယ်တဲ့။အသည်း
ရောင်အသားဝါဘီဟာ လူတိုင်းမှာဖြစ်နိုင်တယ်၊အဲဒီပိုးက အိပ်ခ်ျအိုင်ဗွီပိုးလိုပဲကူးစက်ပုံသဘာဝချင်းတူတယ်
ဆိုတာ ဟုတ်ပါသလားလို့ ဆိုပါတယ်။ ဒါကြောင့် အထက်ကဖော်ပြသလို အသည်းရောင်အသားဝါဘီရောဂါ
အကြောင်း အကြမ်းဖျင်းလေးကို ပဏာမတင်ပြလိုက်တာပါ။ အသည်းရောင်အသားဝါ ဘီပိုးရှိသူဟာ သွေးမ
လှူရဘူးဆိုတာထက် အသည်းရောင်အသားဝါရောဂါ၊ ဘာပဲဖြစ်ဖြစ်ဖြစ်ဖူးသူဟာ တစ်နှစ်အတွင်းသွေးမလှူ
ရပါဘူး၊ သွေးမလှုသင့်ပါဘူးလို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။ပြီးတော့အသည်းရောင်အသား
ဝါဘီကို မကူးစက်အောင် ကာကွယ်ဖို့ဆေးရှိပါတယ်။ အသည်းရောင်အသားဝါဘီပိုးရောဂါဟာအဓိကရောဂါ
ပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။အတိအကျပြောရရင်ရောဂါပိုးရှိသူရဲ့သွေး၊တံတွေးမျက်
ရည်နဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတဆင့်ကူးစက်နိုင်ပါတယ်။ဘီပိုးဝင်ပြီးဆိုတာနဲ့အသားဝါခြင်း၊
မျက်စိဝါခြင်း၊ အသည်းကကောင်းကောင်း အလုပ် မလုပ်နိုင်တော့ခြင်း စတဲ့ လက္ခဏာ တွေ ပြလာပါတယ်။
ရောဂါပိုးရှိသူတိုင်းကနေတဆင့် အခြားသူတွေကို ကူးစက်နိုင်ပါတယ်။ တချို့ဝေဒနာသည်တွေဟာဖော်ပြပါ
ရောဂါ လက္ခဏာတွေမပြပေမယ့်လည်း ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးနေသူဖြစ်နေနိုင်ပါတယ်။တခါတရံမိမိ
ကိုယ်တိုင် ဘီပိုးရှိလို့ရှိမှန်းတောင် မသိကြပါဘူး။ ဘီပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာကြီးကို အောင်း
နေတတ်ပါတယ်။ အဲဒီလိုအောင်းနေသမျှကာလပတ်လုံး တစ်ဦးမှ တစ်ဦးကို စောစောကပြောတဲ့ နည်းတွေ
ကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ဖို့လည်း လွယ်ကူပါတယ်။ ဒီတော့ဘီပိုးကူးစက်ပုံကအိပ်ခ်ျအိုင်ဗွီ
ပိုးကူးစက်ပုံ ကူးစက်နည်းနဲ့ တူနေတယ်ဆိုတာ အဲဒီနည်းတွေကြောင့်လို့ ယူဆရပါတယ်။ ပြီးတော့ရောဂါပိုး
ရှိသူ အသုံးပြုနေတဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်ဓား အခြားထိရှစရာ ကိရိယာ တွေကနေလဲ ကူးစက်နိုင်ပါ
သေးတယ်။ ဒီတော့ ရောဂါပိုးရှိနေတယ်လို့ သိရတာနဲ့ အဲဒီလူရဲ့ အသုံးအဆောင်တွေကို ယူမသုံးမိဖို့အရေး
ကြီးပါတယ်။ ဘီပိုးကူးစက်ပုံဟာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်သကဲ့သို့ပဲ စနစ်တကျပိုးသတ်မထားတဲ့ရေပွက်ပွက်
ဆူအောင် ပြုတ်မထားတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ ဆေးထိုးကုသခံရရင်လဲ ကူးဆက်နိုင်ပါတယ်။
ဒီလိုပဲ မသန့်ရှင်းတဲ့သွားနုတ်သွားစိုက်ကရိယာတွေကလည်း ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါး အကြော
ထဲထိုးသွင်းသုံးဆွဲသူများဟာလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ပြီးတော့အလှအပအတွက်အန္တရာယ်ကြီး
တဲ့ နားဖောက်ခြင်း၊ ဆေးမင်ကြောင်းထိုးခြင်း၊ အပ်ဆိုင်ကုသခြင်းတို့မှာသုံးတဲ့ကရိယာတွေမသန့်လို့ (စနစ်
တကျပိုးသတ်မထားလို့) လည်းကူးစက်နိုင်ပါသေးတယ်။ဒါကြောင့်မို့ဆေးကုသခံယူတဲ့အခါတစ်ခါသုံးဆေး
ထိုးပြွန်၊ ဆေးထိုးအပ်ကိုအသုံးပြုဖို့ အထူးသတိရဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ခဏခဏဆေးထိုးကုသမှုမ
ခံယူပဲ သောက်ဆေးများနဲ့သာပျောက်ကင်းအောင်ဆောင်ရွက်ရင်ပိုကောင်းပါတယ်။မတက်သာလို့ဆေးထိုး
ကုသမှုခံယူရမယ်ဆိုရင်လည်း (အခြေအနေအရ တစ်ခါသုံးအပ်မရှိ၊ မရနိုင်တဲ့အခါ )ဆေးထိုးအပ်၊ဆေးထိုး
ပြွန်ကိုစနစ်တကျပိုးသတ်ပြီး နားလည်တက်ကျွမ်းသူ ကျမ်းမာရေးဝန်ထမ်းများနဲ့သာ ကုသမှုခံ ယူရပါမယ်။
ရောဂါပိုးရှိနေသူဟာ တစ်ချိန် မဟုတ်တစ်ချိန် အခြားသူ တွေကို ရောဂါကူး စက်စေမှာဖြစ်ပါတယ်။ အဲဒီလို
ရောဂါကူးစက်တဲ့အခါ အသည်းကင်ဆာဖြစ်ဖို့ အခွင့်အလမ်းဟာလည်းပိုများလာပါတယ်။ ဒီတော့ဘီပိုးရှိသူ
အသည်းရောင်ဖူးသူများဟာ နေထိုင်မကောင်းလို့ ဆေးကုသခံယူရင်ဆေးပညာရှင်၊ဆရာဝန်တို့ကိုကြိုတင်
အသိပေးထားရပါမယ်။အခုအချိန်မှာအသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေးရှိနေပြီဖြစ်တဲ့အတွက်
ကြိုတင်ထိုးနှံထားရင် ပိုပြီးစိတ်ချရမှာဖြစ်ပါတယ်။ ဘီပိုးကူးစက်မခံရအောင်အထူးသတိထားရမည့်အချက်
က သွေးသွင်းကုသခံယူတဲ့အခါ သေသေချာချာ စမ်းသပ်စစ်ဆေးထားခြင်းမရှိတဲ့သွေးကိုသွင်းမိခြင်းပါ။ဘီ
ပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်တော်တော်ကြာကြာကြီးအောင်းနေနိုင်တဲ့အတွက်ပိုးရှိပြီးကျန်းမာနေပေမယ့်
လည်း အဲဒီလူရဲ့သွေးကိုမသွင်းသင့်ပါဘူး။ ဒါကြောင့်ဘီပိုးရှိသူ ရောဂါဖြစ်ဖူးသူတို့သွေးမလှူသင့်ပါဘူး။ဘီ
ရောဂါဖြစ်ဖူးသူအနေနဲ့ တစ်နှစ်အတွင်း သွေးလှူခြင်းမပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါသည်။ဒီတော့ကူး
စက်လွယ်တဲ့ အသဲရောင်အသားဝါဘီရောဂါဟာအိပ်ခ်ျအိုင်ဗွီပိုးကဲ့သို့ပဲသဘောထားပြီးအမြဲသတိရှိရှိနဲ့သွား
လာနေထိုင်သင့်ကြောင်း အသိပေးလိုက်ပါတယ်ဟု Family Health ဂျာနယ်တွင်ဖေါ်ပြထားပါသည်။
Ref # Khit Lu Nge
နှလုံးရောဂါ အတွက် သိသင့်သော အရေးကြီး လက္ခဏာသုံးရပ်

၁။ ရင်ဘတ်အောင့်တာမပျောက်ရင်
ခါတိုင်းအောင့်နေကြပုံစံမဟုတ်ဘဲ ရင်ဘတ်အောင့်နေပြီး စက္ကန့်အနည်းငယ်အတွင်း သက်သာ
သွားခဲ့ရင် နှလုံးရောဂါကြောင့်ရင်ဘတ်အောင့်တာ မဟုတ်ပါဘူး။ ဒါဟာ အစာအိမ်မှအက်ဆစ်တွေအစာ
မျိုပြွန်ကို ဆန်တက်တာကြောင့်ရင်ပူတာပါ။ ရင်ဘတ်အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး
မိနစ်အနည်းငယ်ခန့်ထိ မပျောက်မှသာနှလုံးရောဂါအတွက် စိုးရိမ်ရမှာပါ။
၂။ အသက်ရှုမဝရင်
လူအများစုမှာ အသက်ရှူမဝတာဟာ စိတ်ဖိစီးမှုများတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့မရ
တဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့်ဖြစ်ပြီးသွေးထဲမှာကာဗွန်ဒိုင်အောက်ဆိုဒ်တွေနည်းသွားပါ
တယ်။ Treadmill စက်မှာ လမ်းလျှောက်နိုင်ပြီး လမ်းလျှောက်အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ်ရပါ
ဘူး။ လူနာဟာဒီနေ့မှာနေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင်လှေကားထစ်တွေမှာနား
ပြီး အသက်ဝအောင်ရှူပြီးမှ လှေကားထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာအခြေအနေပါ။
၃။ တစ်ခါမှမခါးစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်
တစ်ခါတစ်ရံနှလုံးတိုက်ခိုက်ခံရတာဟာ ရင်ဘတ်အောင့်တဲ့လက္ခဏာမပြတတ်ပါဘူး။ရှေးဦး
စွာမေးရိုးမှာနာတာ၊ တံတောင်ဆစ်မှာနာတာ၊ ဒါမှမဟုတ် သွားနာတာတွေအနေနဲ့ လက္ခဏာပြတတ်ပါ
တယ်။ ဒါဟာနှလုံးသွေးကြောပိတ်တာကြောင့် နာကျင်တာဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်
လက် ဒါမှမဟုတ် မေးရိုးကိုနာကျင်တာတွေ ရောက်သွားတာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု
အသစ်တွေ ခံစားရရင်လျစ်လျုရှုမထားပါနဲ့။
ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစားနေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်
ကို ပင့်ရမလားဆိုတာကို ခွဲခြားနိုင်တဲ့နည်းလမ်းနှစ်ခုပါ။
၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်နေရင် ကောင်းတဲ့နာကျင်တာနဲ့မကောင်းတဲ့နာကျင်
တာတွေကို သင်ခွဲခြားသိရှိနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင်
ဆရာဝန်ပင့်သင့်ပါတယ်။
၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။
သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထ
ရောအဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာနာနေတာဟာ တင်းနစ်ကစား တာကြောင့်ဖြစ်နိုင်ပါ
တယ်။ သင်ခံစားရတဲ့ဝေဒနာဟာ နှလုံးရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ပြဖို့အမြဲသတိရပါ။
(၂၀၀၈ခုနှစ် ဇူလိုင်လ ၉ရက်နေ့ထုတ် Good Health ဂျာနယ်)
Ref # Khit Lu Nge