UMDH ဖြင့် မှတ်ဥာဏ် ယိုပေါက်များကို ရှာဖွေခြင်း

Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။

အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။

UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။

ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။)

အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)

ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။


စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set_NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။
(Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။)

သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။

သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p: -f: -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။)

ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သော နေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p: -f: -g ဟု ထပ်မံအမိန့်ပေးပါ။

ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။

("> " ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။)
ဥပမာ
+ 4132 ( 4132 - 0) 1 allocs BackTraceD3
+ 1 ( 1 - 0) BackTraceD3 allocations
(blar blar blar)
MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)
YourProject!leakyFunction+000005EB (d:\leaky.cpp, 325)
(blar blar blar)
kernel32!RegisterWaitForInputIdle+00000049ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။


အထက်ပါ အကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။


လောရှည်

ကျန်း မာ ရေး နှင့် ပတ် သက် ၍ ဆင် ခြင် ရန် အ ကြောင်း များ

လူတိုင်းကြားဖူးကြသည်။ မြန်မာတိုင်းရင်းဆေးသောက်၍ပျောက်သည်လည်း ရှိသည်။ အနောက်တိုင်းဆေးသောက်၍သက်သာ လျော့ပါးသွားသည် လည်းရှိသည်။ ပြာ၊ မိဘဘိုးဘွားတို့၏ ရေမန်းများနှင့် အဆောင်ပစ္စည်းများသုံး၍ ကုသပျောက်ကင်းသွားသည်လည်းရှိသည်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ဘ၀မှာအဖိုးတန် အမြုတေပါ ဟု ပြောသူများလည်းရှိသည်။ကျန်းမာရေးကို တန်ဖိုးမထား၊ပေါ့ပေါ့ တန်တန် ဖြစ်သလို နေသူများလည်း ရှိကြသည်။ မည်သို့ ဆိုစေ ကျန်းမာခြင်းနှင့် ပတ်သက်သော ဆင်ခြင်ရန် အကြောင်းများကိုတစ်တို တစ်ထွာ တို့ကြည့် မိသည်။


သာမန်အားဖြ၀့် ကျန်းမာရေး(Heath )ဟုပြောလျှင် အနာရောဂါ ဘယ ထူပြောမှူ၊ မနာမကျန်းဖြစ်မှူ ( Illness)နှင့် ဆက်စပ်ယူဆကုန်ကြသည်။ တစ်ဆင့်တက်၍ စိတ်ရောကိုယ်ပါချမ်းသာ ပြည့်စုံမှုဟု ဆင်ခြင်မိကြသည်။ အမှန်စစ်အဆိုပါကျန်းမာရေးခံယူအသိများ မလွဲမှားပါ။သို့သော် အပြည့်အစုံ အလုံးစုံမှန်ကန်သည်ဟု လည်း မသတ်မှတ်နိုင်ပါ။

ဤ (၂၁)ရာစုအတွင်း အာရောဂျံ ကျန်းမာရေးဆိုင်ရာ အယူအဆ သဘောတရားများ နက်ရှိုင်းကျယ်ပြန့်စွာ ထွန်းကားလာကြောင်းအသိအမှတ်ပြု လက်ခံသင့်သည်(သို့) သုံးသပ် ဆင်ခြင်သင့်သည်။

အနောက်တိုင်းဆေးပညာသည် ကျန်းမာရေးနှင့်အဓိက သက်ဆိုင် သည်ဟုဆိုလျှင် ဆေးပညာ၏ကျန်းမာခြင်းနှင့် နာဖျားခြင်းဆိုင်ရာဖွင့်ဆို ရှင်းပြမှု့များကို သိမြင်နားလည်သင့်သည်။သမိုင်းစဉ်ကောက်ယူသော်(၁၇)ရာစုထိ တိုင်အောင် လူတို့သည်ရှင်ခြင်းနှင့်သေခြင်း၊ကျန်းမာခြင်း နှင့် ဖျားနာခြင်း ၊ အယူအဆများကို ယုံကြည်ခြင်း (faith)၊ အပြစ်(sins)၊နှင့် ကယ်တင်ခံရခြင်း(savation) များရောထွေးနေကြသည်။ ၊ဒဿနိက ဗေဒ ပညာရှင် Ren'e Descartes(၁၅၉၆-၁၆၅၀) ပေါ်ပေါက်လာမှသာလျှင် ဤရှုမြင်မှုများကို ရင်ဆိုင် စိန်ခေါ် နိုင်ခဲ့သည်။ ပြန်လည် စဉ်းစား တွေးခေါ် လာကြသည်။

Descartes ၏ အလိုအရ ဤကမ္ဘာပေါ်ရှိ အရာဝတ္တုများ (substances)တွင် စိတ် (mind) ရုပ်ဒြပ်(matter)အမျိုးအစား ၂မျိုးသာ ရှိ သည်၊ရုပ်ဒြပ် (သို့) ခန္ဓာကနေရာယူသည်။ စိတ်ကသိမှုသန့်သန့်မျှ ဖြစ်၍ နေရာ အာကာသ ( space) မယူ။ ၄င်း စိတ်နှင့်ရုပ် သည် သီးသန့်ကွဲပြား နိုင်သည်။ လူနှင့်သတ္တ၀ါတို့၌ စိတ်နှင့်ရုပ် နှစ်မျိုးစလုံး ရှိနိုင်သည်။ အခြား ရှင်သန်သော အရာဝတ္တု များတွင် ရုပ်တစ်ခုသာလျှင် ။ စိတ်မရှိဟု တင်ပြ ခဲ့ သည်။ ၄င်းတင်ပြ ချက်သည် ဆန့်ကျင်ဘက် နှစ်ခုပေါ်တွင် အခြေခံထားသော နားလည်သိမြင်မှု စနစ် (dualism) ကိုပေါ်ပေါက်စေခဲ့သည်။

Descartes၏အမြင်တွင် လူ့ကိုယ်ခန္ဓာသည် စက်ယန္တရားတစ်လုံး မျှသာ ဖြစ်ခဲ့သည်။ စက်ယန္တရား အစိတ်အပိုင်းအားလုံး သမ္မါယ မျှတ စွာ ချိတ်ဆက်ဆောင်ရွက် နိုင်လျှင် ယင်းစက်ယန္တရား ကောင်းမွန်သည်။ ဖောက် လွဲဖောက်ပြန် (misfunction) ဖြစ်ခဲ့သော်လည်း စက်ယန္တရား၏ အခြေအနေ ဆိုးရွားသည်။ ပုံပမာနှိုင်းသော် ဆရာဝန်နှင့် လူနာတချို့၏ ဆက်ဆံရေးအသွင်ပုံ သဏ္ဍာန်တမျိုးမျိုးတွင် တွေ့ရှိနိုင်သည်။ ဆရာဝန်များသည် လူနာ၏စိတ်ခံစားမှု၊ ပြောပြချက်(သို့) ချောင်းဆိုးကဲ့သို့သော လူနာ၏ပြင်ပလက္ခဏာများကို အသိ အမှတ်ပြုသော်လည်း ရောဂါဗေဒဆိုင်ရာ ရှာဖွေစမ်းသပ်မှုများကို ပြုလုပ်ရသည်။ ကိုယ်တိုင် စူးစမ်းအဖြေရှာသည်။ ယခုအခါ ဇီဝကမ္မပညာဆိုင်ရာ တိုးတက် ဖွံ့ဖြိုးမှုများကြောင့် လူနာ၏လွှမ်းမိုးမှု (သို့) ပါဝင်ပတ်သက်မှု ပယောဂမပါရှိဘဲ ရောဂါမှတ်တမ်းတင်ခြင်းကို ပြုလုပ် လာ နိုင်သည်။

သို့သော် ကျန်းမာခြင်းနှင့် နာဖျားခြင်းဘောင်ခွင်အတွင်းရှိ ပုဂ္ဂလဆိုင်ရာ ရွေးချယ်မှုများကို ဦးစားမပေး။ ဇီဝကမ္မဆိုင်ရာ ဖွဲ့စည်းပုံ အချက်အလက်များပေါ် ပိုမိုအလေးကဲ မဲတင်းလာကြသည်။ အမှန်စင်စစ် လူနာ၏ဆေးလိပ်သောက်ခြင်း၊ အရက်အလွန် အကျူးသောက်ခြင်း ကဲ့သို့သော ပုဂ္ဂလရွေးချယ်မှုများကို အကြွင်းမဲ့ငြင်းပယ်နိုင်စွမ်း မရှိကြပါ။

ဆေးပညာသိပ္ပံ၏ သီးသန့်ဖြစ်စဉ်အရ ကျန်းမာခြင်းနှင့် မနာမကျန်း ဖြစ်ခြင်းအပေါ် ရှုမြင်သုံးသပ်ထားပုံမှာ ဤသို့ဖြစ်သည်။
-စိတ်သည် ခန္ဓာကိုယ်နှင့် သီးသန့်ကွဲပြားခြားနားသည်။
-ခန္ဓာကိုယ်သည် အလွန်ရှုပ်ထွေးသော စက်ယန္တရားတစ်လုံးနှင့် ဆင်တူသည်။
-ဖျားနာခြင်းသည် ကိုယ်ခန္ဓာ၏ ဇီဝဗေဒပေါ်တွင် တည်ရှိသည်။
-သိပ္ပံနည်းကျ စုံစမ်းရှာဖွေခြင်းများမှ တဆင့် အောင်မြင်ရရှိထားသော နားလည်သိမြင်မှု(သို့)အသိပညာသည် ဆေးပညာသိပ္ပံဖြစ်သည်။

ကျန်းမာရေးနှင့်လူမှုဝန်းကျင်

ကျန်းမာရေးနှင့်ပတ်သက်၍ တခြားတစ်ဘက်မှ ဆင်ခြင်ရန် အကြောင်း တစ်ချက်မှာ လူသားတို့၏ ခြားနားကွဲပြားသော လူမှုစီးပွား
ပတ်ဝန်း ကျင်ဖြစ် သည်။ ကမ္ဘာ့လူဦးရေ(100)တွင် (50)ဦးသည် အာဟာရချို့တဲ့စွာ နေထိုင် နေရသည်။ လူ(80)သည် စံချိန်စံနှုန်းအောက်အိမ်မျိုးတွင် နေထိုင်ကြရသည်။ ကမ္ဘာ့ဥစ္စာဓန စုစုပေါင်း၏ ၅၉%ကိုလူ(၆)ဦးကသာ ပိုင်ဆိုင်ကြ သည်။

လူမှုသိပ္ပံအရ ကျန်းမာခြင်းနှင့် မကျန်းမာဖြစ်ခြင်း သည် ဇီဝဗေဒ ဆိုင်ရာ(သို့) လူမှု့ ရေးဆိုင်ရာသီးသန့်မျှ မဟုတ်၊ လူမှု့ရေးနှင့် ဇီဝဗေဒဆိုင်ရာ တုံ့ပြန်မှုများက ကျန်းမာရေးဆိုင်ရာ အကျိုးဆက်ရလဒ်များကို ထုတ်လုပ် ပေး သည်။ လူမှုရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ထားပုံများက လူ တစ်ဦး ၏ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံကိုပုံဖော်သည်။

လူအဖွဲ့အစည်း၏ စီးပွားရေးနှင့် ရုပ်ဝတ္တု သံယံဇာတ ရင်းမြစ်များ ပြန်လည် တည်ဆောက်ရန် လိုအပ်မှု့များကို အထူးအာရုံပြုနိုင်သည်။ သို့သော်လည်း ကျန်းမာရေးကုသ ၀န်ဆောင်မှုကဲ့သို့သော ဆေးပညာ၏အချက်အချာကို ရင်ဆိုင်စိန်ခေါ် ကျော်လွှားနိုင် ခြင်းမရှိ စသည်ဖြင့် ရှုမြင်သုံးသပ်ခဲ့သည်။

မြင်သိကြားအစဉ်အလာမဟုတ်သောအခြင်းအရာ(Alternatives)

၁၉၇၀ ခုနှစ်များအတွင်း လူသူလေးပါးအပြောများသော ကုထုံးများ ရေပန်း ကား ပေါ်ပေါက်လာပါသည်။၎င်း တို့တွင် ပါဝင်သော အပ်စိုက် ကုသခြင်း (Accupunture)နှင့် homeopathy ကုထုံးများသည် အမှန်တကယ် ဆန်းကြယ် လှသည်။

Homeopathy ဆေးပညာသည် ဆေးအနည်းငယ်မျှစီသာ ကျွေးသောနည်း ဖြင့် ကုသသောကုထုံး ဖြစ်သည်။ ဆေးဖက်ဝင်နွယ်မြက်သစ်ပင်ဆေးဝါးများ (Herbal medicine) နှင့် ၊ ရနံ့ ကုထုံး (aroma therapy)တို့သည် လည်း လူသိများ အသုံးဝင်လှသည်။ ၄င်းအပြင် ကုသနည်းမျိုးစုံကို အသုံးပြု၍ ကုသသောAllopathyဆေးပညာ၊ချာရာခါ (Charaka)ဖော်ထုတ်ခဲ့သော အယုဗ္ဗေဒ ဆေးပညာတို့သည်လည်း ထူးခြားလေးနက်မှု ရှိကြသည်။

သာမန်အားဖြင့် တရုတ်အပ်စိုက် ကုသပညာသည် အနောက်တိုင်း ဆေးပညာထက် အချိန်ကာလစောစွာ ပေါ်ပေါက်ခဲ့သည်။ယင်းကဲ့သို့သော ကုထုံးများကို alternative therapies (သို့)complementary therapies ကုထုံးများဟု ခေါ်ကြ သည်။

Ursula Sharma ( ၁၉၉၅)၏ သုတေသန ပြုချက် အရ alternatives ဆေးပညာ သုံးစွဲသော လူအုပ်စု(5) စု၏အခြေအနေများကို အောက်ပါ အတိုင်း တွေ့ရှိရသည်။

၁-ကြိုတင်ကာကွယ်သော နည်းလမ်းကိုသုံးစွဲလိုခြင်း၊ရောဂါကို ကုသခြင်းမျှမက အမြစ်ပြတ်ကာ ရှင်းပျောက်စေလိုခြင်း၊
၂-ဆေးဝါးတို့၏ ဘေးထွက်ဆိုးကျိုး ကို လက်မခံနိုင်ခြင်း၊
၃-လက်ရှိ ကုသမှု့နည်းလမ်းကို မနှစ်သက်ခြင်း(သို့) ကြောက်ရွံခြင်း၊
၎-ဆရာဝန် -လူနာ ဆက်ဆံရေးအခြေအနေ တချို့ကို မနှစ်မြို့ခြင်း၊
၅-လူမှု့ရေးနှင့် အတွေ့ အကြုံ ဆိုင်ရာကိစ္စရပ်များကို ဆေးသိပ္ပံပညာ သက်သက်က မကျော်လွှားနိုင်ခြင်း။

သို့ဖြစ်ရာ Alternative Health သည် ရုပ်နှင့်စိတ်တို့ကို ပေါင်းစပ် နေသော အစိတ်အပိုင်းနှစ်ခု (သို့)အစိတ်အပိုင်းနှစ်ခု ၏အပြည့်ဖြစ်စဉ် (as a whole)အဖြစ် ရှုမြင်သည်။ အတွင်းအပြင် ပယောဂ ပုံစံတို့၏ပေါင်းစပ်မှုအဖြစ် စဉ်းစားသည်။

တာအိုတို့၏ ယင်ယန်သင်္ကေတ (yin-yan symbol)အဖြစ် အနက် အဓိပ္ပါယ် ဖော်ဆောင်သည်။ယင်းကုထုံးပညာရှင်တို့သည် စက်ပြင်ဆရာထက် ပြောင်းလဲမှု့ကို နားလည်သဘောပေါက်သော ၊သဘာဝဖြစ်စဉ်ကို အထောက်အကူ ပြုသော၊မှန်ကန်သော ရာသီဥတု အခြေအနေကိုဖန်တီးသော ဥယျာဉ်မှူး တစ်ဦး နှင့် ပိုတူသည်။

ဆေးသိပ္ပံပညာဆိုင်ရာ ဖွင့်ဆိုရှင်းပြမှုများသည် ပြဿနာများ(problems)ဖြစ်သည်။(ဖြည့်စွက်ဆေးပညာ)(complementary medicine)သည်ပြဿနာမဟုတ်သော အခြားအရာတစ်ခု ( alternative)့ဖြစ်သည်။ ဆေးသိပ္ပံပညာက ရုပ်ခန္ဓာနှင့် စိတ်ကိုသီးသန့် ခွဲခြားမြင်သော Dualism ဖြစ်သည်။ Complementary ကပေါင်းစည်းသော Holistic အမြင်ဖြစ်သည်။ ဆေးသိပ္ပံပညာက ဖျားနာမှု့နှင့်ကုသမှု့ပေါ်ဂရုဓမ္မထားသည်။ Complementary က ကျန်းမာရေး နှင့် ကြိုတင်ကာကွယ်ရေးကိုအထူးအာရုံပြု သည်။ ဆေးသိပ္ပံပညာက ဖျားနာမှု( Illness)ကိုသာ ကုသဖို့ အလေးထားသည်။

complementary က လူပုဂ္ဂိုလ်တစ်ဦး ( a person)ကုသဖို့အလေးထား သည်။ ဆေးသိပံ္ပပညာ၏ ကျွမ်းကျင်မှု မှာ ဆရာဝန်ဖြစ်သည်။ Complementary ၏ပညာရှင်မှာ လူနာတို့၏ ပြောင်းလဲလိုသော အတွင်း ဆန္ဒ များကို စတင်ဖော်ထုတ် ပညာပေးမှု့ ကုထုံးပညာရှင် ဖြစ်သည်။ဆေးသိပံ္ပပညာက သဘာဝ တရားကိုကျော်လွှားအနိုင်ယူသည်။complementary က သဘာဝ ၏အပြုသဘော ဆောင်သောအားအင်များကို အသုံးချတန်ဆာ ဆင်သည်။ ဆေးသိပံ္ပပညာက ဆူးစူးသည်ကို ထွင်ပေးသည်။Complementary က
ဆူးထွင်ပေးသည့် အပြင် ဆူးရှိသောပန်းကို နေရာတကျပြန်လည် ထားရှိစေ သည်။

Ottawa ချာတာ

Alternative ဆေးပညာအကြောင်း လူသိများ ခေတ်စားစ အချိန် မှာပင် အနောက်တိုင်း ပေါ်လစီ ပြုလုပ်သူများသည်၎င်းနိုင်ငံသားတို့၏ ကျန်းမာရေးအခြေအနေကို အမြင့်မားဆုံးမြှင့်တင်၍ ပြန်လည်အကဲဖြတ် ပြင်ဆင်ခဲ့ကြသည်။ကျန်းမာရေးနှင့် ပတ်သက်၍ တွေးခေါ်ပုံနည်းလမ်းသစ် တစ်ရပ်ကို ကနေဒါကျန်းမာရေး ၀န်ကြီး Marc Lalonde က ၁၉၇၄ခုနှစ် တွင် အဆိုပြု တင်ပြ ခဲ့သည်။ ၄င်းအဆိုပြုချက်တွင် ကျန်းမာရေးထိခိုက်မှုကို ဖြစ်စေသော အဓိကအကြောင်းချင်းရာ (၄) ချက်ပါရှိခဲ့သည်။

၁-ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း ၊
၂-ဘ၀နေဟန် ၊
၃-ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများ ၊
၎-ဇီဝရုပ်ပိုင်းဆိုင်ရာအကျင့်စရိုက်များ။

ကျန်းမာရေးနှင့် ပတ်သက်၍ ဤကဲ့သို့ ပိုမိုရှုပ်ထွေး ကျယ်ပြန့် လာသော နည်းလမ်းများနှင့် ချဉ်းကပ်အဖြေရှာ လာရာအစိုးရ အဖွဲ့အစည်းများ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့သည် လူထုကျန်းမာရေး(National Public Health) အစီအစဉ် သစ်ကိုထုတ်ဖော်ကြေငြာခဲ့ကြ
သည်။ NPH ၏ချဉ်းကပ်ပုံ နည်းလမ်းသစ်သည် ရောဂါကုသခြင်းထက် ကျန်းမာရေးအသိရေချိန်မြင့်တင်မှု့ ကိုပိုမို ဓမ္မဂရုပြု သည်။

ကျန်းမာရေးအပေါ် သြဇာ လွှမ်းမိုးသော မျိုးပြားစုံလင်မှု့(diversity)ကို အသိအမှတ်ပြုသည်။ ကျန်းမာရေးမြှင့်တင်မှု့အတွက် Ottawa Charter ၏ ကျန်းမာရေး အဓိပ္ပါယ်ဖွင့်ဆိုချက်သစ်(၁၉၈၇)မှာထင်ရှားသည်။

ချာတာအရ- ကျန်းမာရေး တိုးတက်ထိန်းသိမ်းမြင့်မားစေရန် လူသားတိုင်း တတ်စွမ်း နိုင်သော လုပ်ငန်းစဉ်။ အုပ်စု(သို့)လူတစ်ဦး ချင်းစီအနေနှင့်ရုပ်ပိုင်း၊စိတ်ပိုင်းနှင့် လူမှု့ရေးဆိုင်ရာ မျှတပြည့်စုံသော အခြေအနေ လိုအပ်ချက်များ ကျေနပ် နှစ်သိမ့်မှုရှိရန် ပတ်ဝန်းကျင် အခြေအနေကိုကျော်လွှားအောင်မြင်ရန်( သို့) ပြောင်းလဲရန် တတ်စွမ်းနိုင်သောဖြစ်စဉ်။စသည်ဖြင့် ဖွင့်ဆိုခဲ့ သည်။
ကျန်းမာ ရေး မြှင့်တင်မှုသည် ကျန်းမာရေး၏အခန်းကဏ္ဍမျှမက အခြားဘက်စုံ ကဏ္ဍများ၏ တာဝန်ဝတ္တရား များနှင့် လည်းသက်ဆိုင်သည်ဟု ဖွင့်ဆိုခဲ့သည်။

ဤဖွင့်ဆိုချက်အရ NPH ၏အမာခံ ကျောရိုးတွင် လူမှူရေးနှင့် ဇီဝဗေဒဆိုင်ရာ၊စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊တစ်ဦးချင်းနှင့် အများဆိုင်ရာစသော အချက်အလက်များ ပူပေါင်းရောယှက် ပါဝင်နေသည်။ ကျန်းမာရေးဆိုင်ရာ အသွင်သဏ္ဍန်သစ် ကို ကျယ်ပြန့်နက်ရှိုင်းစွာ ပုံဖော်နေသည်။ ၄င်း NPHတွင် အဓိကသော့ချက်အစိတ်အပိုင်း(၂)ရပ် ပါဝင်နေသည်။ဘ၀နေဟန်(Life style)နှင့်စွန်စားရင်ဆိုင်ရမှု(risk)တို့ဖြစ်ကြသည်။

ဘ၀နေဟန်( Life style)

NPH၏ အသိအမှတ်ပြုလက် ခံထားသောဘ၀နေဟန်တွင် ခေတ်သစ် လူ့အဖွဲ့အစည်း၏ နစ္စဓူဝ လုပ်ကိုင်နေကြသောဆုံးဖြတ်ချက်များနှင့်အလေ့ အကျင့် ပေါင်းစပ်မှုများပါဝင်သည်။ ဥပမာ- ဘာစား၊ဘယ်နေရာသွား၊ဘယ်လို
ဝတ်ဆင်၊ဘယ်နေရာမှာဆက်ဆံရေးပြုလုပ်စသောအသေးအဖွဲပေါင်းများစွာ
ပါဝင် သည်။လူမှု့ရေးဆိုင်ရာ ဥပဓိသရုပ်(social identity)ကို တည်ဆောက်ရန် အခြေခံလိုအပ်သော ထောက်ပံ့မှု့များနှင့် စားသုံးမှု့(comsumption)များ
ပါဝင် သည်။

စူပါမားကတ် တစ်ခုတွင် သင်ရွေးချယ်သော အစာအဟာရ အမျိုးအစား တစ်ခုသည် သင်ရွေးချယ်သော ဘ၀နေဟန်ကို ကိုယ်စားပြုသည်။ ကုန်ပစ္စည်း၏ အညွှန်းတံဆိပ်ကို ကြည့်ရှု့၍ ကျန်းမာရေးကို ထိခိုက်နိုင်သော လူလုပ် ဆိုးဆေး များ ပါမပါ။preservative ဟုတ် မဟုတ်လတ်ဆတ်ခြင်းရှိ မရှိနှင့် ဓာတု ပစ္စည်း သုံးမသုံး ခွဲခြားသိရှိနိုင်သည်။ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာ သောက် သုံးခြင်းတို့သည်လည်းသင်ရွေးချယ်ထားသော ဘ၀နေဟန် တစ်ခု ပင်ဖြစ်ပါ သည်။ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းရှိ ခေတ်ပြိုင်ဘ၀များစွာ တို့တွင် ထိုကဲ့သို့သောကျန်းမာရေးဆိုင်ရာ ငြင်းဆိုရွေးချယ်မှုများကို အလျှံပယ်တွေ့နိုင် ပါသည်။

သုတေသနပြုချက်များအရ ကျန်းမာရေးကို ရွေးချယ် လိုက်စား သူများ တွင် မြင့်မားသော ကိုယ်ပိုင်စည်းကမ်း(self discipline) ကိုယ်ပိုင်ထိန်းသိမ်းမှု့ (self control) နှင့် စိတ်စွမ်းအား (will power) များရှိကြကြောင်း သိရှိရသည်။

စွန့်စားအန္တရာယ် ရှိမှု

စွန့်စားမှု တွင် အခွင့်အလမ်းထက် အန္တရာယ်က ရာခိုင်နှုန်းပိုမို များပြား စွာ တည်ရှိနေသည်။ မသေချာမရေရာမှု့များက တင်းကြပ် ပြည့်နေသည်။ အိုဇုန်းလွှာပေါက်ပြဲလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် များပြားလာသည်။ နိုက်ထရပ်စ် အောက်ဆိုဒ်၊မီသိန်းနှင့်ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကြောင့် ဖန်လုံအိမ် အာနိသင်ရှိလာသည်။

အရေပြားကင်ဆာကဲ့သို့သော ကျန်းမာရေးအပေါ်ရေရှည် အကျိုးသက် ရောက်မှုများ ဖြစ်လာသည်။ ရှင်သန် ကျန်ရစ်ခဲ့ရမည့် အနာဂတ်မျိုးဆက် ကမ္ဘာကို ခြောက်အိမ် မက် မက်စေသည်။

တစ်ဦးချင်းစွန့်စားရမှုအနေနှင့်လည်း ဘ၀နေဟန်က အတိုင်းအတာ တစ်ခုအထိ ပါဝင်ပတ်သက်မှု ရှိပြန်သည်။ ၀င်ငွေနည်းပါးပါက ဘ၀နေဟန် ရွေးချယ်မှု့ အကန့်အသတ် ရှိကာ ကျန်းမာရေးဆိုင်ရာ စွန့်စားအန္တရာယ်ရှိမှု့ များပြားနိုင်သည်။ဈေးနှုံးချိုသာ၍ စားသုံးရသောအန္တရာယ်ရှိ အစားအစာ၊ နေအိမ်၊ သောက်သုံးရေ တို့ကို သုံးစွဲရနိုင်သည်။ အာစင်နစ် ရာခိုင်နှုန်း များပြား သောရေ ကိုသောက်မိနိုင်သည်။ညစ်ညမ်းသော လေထုက လူသားတို့၏ ကျန်းမာရေးဘ၀ကိုခြိမ်းခြောက် နေသော အန္တရာယ်များပင် ဖြစ်ကြပါသည်။

သို့ဖြစ်ရာ NPHသည် ကျန်းမာရေးမြှင့်တင်မြှုပုလုပ်ရန် ဆရာဝန်များ၏ အခန်းကဏ္ဍကိုပစ်ပယ်ထားခြင်းမရှိပါ။လူထုကိုပွင့်လင်းမြင်သာစေရန်(သို့)ကျန်းမာရေးပညာပေးမှု့များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် တောင်းဆို ပါသည်။မီဒီယာများ၏ အခန်းကဏ္ဍကို အဓိကအသုံးပြုသည်။ (ဥပမာ AIDS , မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ကပ်ရောဂါများအကြောင်း လူထုအတွင်းသို့ ပျံနှုံ့ ရောက်ရှိစေခြင်း) NGO အဖွဲ့အစည်းများစွာသည် ဤကဲ့သို့သော ကျန်းမာရေးပြုစုစောင့်ရှောက်မှု (သို့) ၀န်ဆောင်မှု့များကို ကမ္ဘာနှင့်တစ်ဝှမ်း ပြုလုပ်နေကြသည်။

ဆင်ခြင်ရန်အကြောင်းမှာ ကျန်းမာခြင်းသည် ရောဂါမရှိခြင်း (no disease)မဟုတ်ပါ ။ဖျားနာမှု(Illness) မရှိခြင်းမဟုတ်ပါ။း ဇီဝဗေဒ ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊သပ္ပယမျှတမှု၊မဟုတ်ပါ။သဘာဝနှင့်လူမှုရေးဆိုင်ရာ စွန့်စား အန္တရာယ်ရှိမှု့ မျှ မဟုတ်ပါ။

ဆေးဆိုင်တစ်ခုမှ ဆေးပုလင်းကို အလွယ်တကူဝယ်ယူ၍ ရသော အရာ များမဟုတ်ပါ။ ကျန်းမာစွာ နံနက်ခင်း အိပ်ယာထလာသူတစ်ဦး၏ တည် ဆောက်ယူရသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါသည်။

အီလက်ထရောနစ်အတတ်ကွာဟမှု နှင့် ဆေးဝါးအတတ်ကွာဟမှု(DrugDivide)ချောက်နက်ထဲသို့ ကမ္ဘာလူသားအားလုံး မကျဆင်းမိစေရန် တခြားတစ်ဘက်မှ ဆင်ခြင်ရန် အကြောင်းချင်းရာ တစ်ရပ်သာဖြစ်ပါသည်။


Ref: Whose health is it anyway?by Brenda smith and David Goldblatt 2004

မင်းစစ်အိမ်

သူယောင်မယ် လေလား

လွန်ခဲ့ သော ၁၀ နှစ် ခန့် က ဖြစ်သည်။

နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း ဖြစ် သည်။
အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။ရောက်လျှင်ရောက် ခြင်း
ဖုံးကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြ သည်။
ပထမ ဦးစွာ ကျွန်တော့် အိမ် ကို ဆက်သည်။
အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက် နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။

အိမ်နှင့်ပြောပြီး သော အခါ ကျွန်တော့် သူငယ်ချင်း ကို နေရာပေးပြီး ကျွန်တော့် သူငယ်ချင်း အလည့်…..
သူသည် ကျွန်တော့်ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ တယ်လီဖုံးကိုင် ရင်း

" YES !!! YES !!!" " OK !!!! OK !!! "

ဟုပြူး ပြူး ပျာ ပျာ ပြော နေ သည်။
ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့။

ကျွန်တော် က မင်း …ဘယ်သူနဲ့ ပြောနေတာလဲလို့ မေး သောအခါ မသိပါဘူး ကွာ ။ အိမ်ကို ဆက်တာ ဘယ်ရောက်သွားလဲ မသိဘူး ။
ကောင်မလေး တယောက်ကွ…ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…
ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပါတ်ကို ပြန် ခေါ် သော အခါ ကောင်မလေး အသံကြား ရ ပါ တယ် ။
ကောင်မလေး ပြောနေတာ ကတော့….

The number you have dialed is busy now,…..
please try again later….. တဲ့ ။

(This is copy right by prince ocean.)

အသက်ရှုခြင်း

ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။

ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"

တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...

"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာမောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"

ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။

တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။

"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာအော်သံထွက်လာတယ်။

ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီှးနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး
ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။

ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။

"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "

ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …

"ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။
သက်ထွန်း

တွဲလက်များ


ရုပ်ထုလေးတစ်ခုပါပဲ ။

ဖန်တီးမှုတစ်ခုရဲ့နောက်ကွယ်မှာဘယ်တော့မှမရိုးတဲ့နမိတ်ပုံရှိတယ်။

အေးအတူပူအမျှဝေမျှခံစားမှုတွေရှိတယ်။

------------------------------ရှိတယ်။

----------------------------ရှိတယ်။

သံသရာတစ်ရိုးလျှောက်လှမ်းမယ့်တွဲလက်တွေကြားသစ္စာဖူးသောပန်းများပွင့်ပါစေသား ။

photographer : မင်းစစ်အိမ်

ရယ်ဒီမိတ် အလွမ်းများနဲ့ ချာချာလည်

အိပ်မပျော်၊ နေမရ ညနက်နက်ထဲ
စည်းချက်ပျက်ရင်ခုန်သံများနဲ့ 
အသည်းအိမ်ကတလှပ်လှပ် .. .
အမှတ်ရမှု ဗရဗွကတော့
စိတ်ကူးယဉ်မရဲတရဲနဲ့ ပဲ
မင်းနာမည်ကို အသံတိတ်ခေါ်နေမိတယ် .. .။

နှုတ်ဆိတ်သွားတဲ့
မျှော်လင့်ချက်အသေတွေနဲ့ 
စိတ်ကူးယဉ်အတွေးတံခါးကိုဖွင့်လိုက်တော့
ရင်တစ်ခုလုံး မှောင်အတိကျသွား
ဒီလိုလမိုက်ညများက
သံယောဇဉ်အကျိုးအပဲ့များနဲ့ 
တစ်စားပွဲထည်းထိုင်ရင်း
မင်းနာမည်ကိုပဲ ထပ်တလဲလဲရေရွတ်နေမိတယ် .. .။

အမှောင်ထဲခေါင်းငုံ့ ထားရတယ်
အထီးကျန် နှလုံးသားက .. .
လတစ်ခြမ်းပဲ့နဲ့ ကြေကွဲရင်း
လက်ရှိ အမြစ်မဲ့အချိန်တွေမှာ
အတိတ်ကအကြင်နာအရိပ်တွေကို
တမ်းတမ်းစွဲဖြစ်လို့  .. .။

ခုလောလောဆယ်တော့
တွယ်ရာမဲ့နှလုံးအိမ်ဟာ
ပကတိနှုတ်ဆိတ်ပြီး
ရယ်ဒီမိတ်အလွမ်းတွေနဲ့ ချာချာလည် .. .။

ညအမှောင်ထဲ ငုတ်တုတ်
အလွမ်းတွေနဲ့  ကိုယ့်ကိုယ်ကိုမသဲကွဲ
မိုးရွာထဲတစ်ယောက်တည်း လမ်းပျောက်နေသလိုမျိုးပေါ့
ရင်ထဲမှာတော့
အဆွေးတွေတစ်ပွေ့ ကြီးနဲ့ နွေးထွေး
အချစ်တွေ မြွေပွေးလို
ဘယ်တော့မှခေါင်းမထောင်တော့ဘူး .. .။

ကိုချို

မရှိ မဖြစ်

ကော်ဖီ တစ်ခွက် ၊ ဂီတာ တစ်လက်
ပီစီစက် နဲ့ နက်ဝါ့ခ် ကွန်နက်ရှင်
ဖတ်စရာ စာအုပ် ၊ မှတ်စရာ စာအုပ်
ဖောင်တိန် တစ်ချောင်း ၊ ဘီး တစ်လက်နဲ့
ရှင်...မရှိလည်း
ဖြစ်တယ်...ကိုလူပျို ။ ။

ဟနစံ

About this blog