
မူလကအမေရိကန်နိုင်ငံအတွက် ရေကူးသမားတွေအသုံးပြုဖို့ တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခုတော့
အာရှဈေးကွက်ကိုရောက်ရှိလာခဲ့တယ်။Finis SwiMP3 V2 မော်ဒယ်ဟာရေကူးသမားတွေအသုံးပြုတဲ့ Goggle
မျက်မှန်နဲ့အတူတွဲပြီး ဝတ်ဆင်နိုင်အောင်စီမံထားတယ်။ ထူးခြားချက်ကတော့ ရေကူးတဲ့အခါ ရေနဲ့အမြဲထိတွေ့
နေမှာဖြစ်လို့ ရေစိုခံ၊ ရေစိမ်ခံဖြစ်အောင် ဖန်တီးထားတဲ့နည်းပညာပါ။ သမရိုးကျနားကြပ်တွေလို နားထဲမထည့်
ရဘဲ ပါးပေါ်မှာဝတ်ဆင်ရပါတယ်။ နားကြပ်ရဲ့အသံလှိုင်း တုန်ခါမှုကိုပါးရိုးကတစ်ဆင့် နားထဲက အရည်ကြည်
ဆက်လက်တုန်ခါစေပြီး သောတအာရုံကို ခံစားစေတာဖြစ်တယ်။ Goggle မျက်မှတန်နဲ့ Finis SwiMP3 V2 ကို
အံကျဖြစ်အောင် စီစဉ်ထားပေမယ့် ဝတ်ဆင်တဲ့နေရာမှာ ညွှန်းဆိုထားတဲ့အတိုင်းမလုပ်မိရင်ပြုတ်ထွက်သွားနိုင်
ပါတယ်။ သတ်မှတ်ရောင်းဈေးကတော့ ၃၃၉စင်ကာပူဒေါ်လာ ဖြစ်ပါတယ်ဟု ၂၀၀၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့
ထုတ် ဈေးကွက်ဂျာနယ်တွင်ဖော်ပြထားပါသည်။
Ref # Khit Lu Nge
ရေကူးရင်း သီချင်း နားထောင်နိုင်မယ့် M3 Player
အသုံးပြုသူ၏ မျက်နှာကို မှတ်သားနိုင်သော တိုရှီဘာအမျိုးအစား Note Book များရောင်းချမည်

ဈေးနှုန်းသင့်တင့်ပြီး အသုံးပြုသူ၏မျက်နှာကို မှတ်သားနိုင်သော တိုရှီဘာအမျိုးအစား Note Book
မော်ဒယ်လ်သစ်တစ်မျိုးကို ဇွန်လအတွင်း စတင်တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်း
Note Book ၏ မော်ဒယ်လ်မှာ Portege M800 ဖြစ်ပြီးတိုရှီဘာ၏ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်
Lucky Bird Co,.Ltdမှတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။ “၁၃.၃လက်မရှိတဲ့ ကြည်လင်တဲ့စူပါမြင်ကွင်း
မှန်သားပြင်နဲ့ နှစ်ကီလိုဂရမ်အောက်ပေါ့ပါးတဲ့ Portege M800စာEasy Guard နည်းပညာတပ်ထားတဲ့အ
ပြင် Smart Face Long-on ရယ်၊ စီးပွားရေးလုပ်ငန်းရှင်ကတ်ပြား(Business Card)ဖတ်စက်ရယ်၊ FMညှိ
ဖမ်းစက်ရယ်၊ စတဲ့ပစ္စည်း အသစ်တွေပါရှိလာပါတယ်” ဟု Lucky Bird Co,.Ltd မှတာဝန်ရှိသူတစ်ဦးက
ပြောသည်။ ၄င်း Note Bookအမျိုးအစား မှာတိုရှီဘာစင်္ကာပူပရိုက်ဗိတ်လီမိတက်၏ဌာနခွဲ CSD မှ မေလ
လယ်တွင် စတင်ကြေညာခဲ့သောဒီဇိုင်း ဖြစ်ပြီး ၄င်း Note Bookများတွင်လျှို့ဝှက် သင်္ကေတ(Password)
ကိုမှတ်သားထားရန်မလိုဘဲ ကင်မရာဖြင့် မှတ်သားထားသောအသုံးပြုသူ၏ မျက်နှာနှင့် လက်ဗွေရာထား
ရှိဆောင်ရွက်ခြင်းဖြင့် စက်၏လုံခြုံရေးအတွက် စိတ်ချရနိုင်ကြောင်း သိရသည်။ ၄င်း Note Bookများ၏အ
သေးစိတ်အချက်အလက်များကို www.domoreinstyle.com (သို့မဟုတ်) Lucky Bird Toshiba Show
room တွင်လေ့လာနိုင်ကြောင်းသိရသည်ဟု ၂၀၀၈ခုနှစ်ဇွန်လ ၁၂ရက်နေ့ထုတ်အင်တာနက်ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Ref # Khit Lu Nge
SECRETARY 'S RESUME
Deer Sir,
I waunt to apply for the secritary job what I saw in the paper. I can Type real quik wit one finggar and do sum a counting.
I think I am good on the phone and no I am a pepole person, Pepole really seam to respond to me well.
I´m lookin for a Jobb as a secritary but it musent be to complicaited.
I no my spelling is not to good but find that I Offen can get a job thru my persinalety. My salerery is open so we can discus wat you want to pay me and wat you think that I am werth,
I can start imeditely. Thank you in advanse fore yore anser. .
hopifuly Yore best aplicant so farr.
Sinseerly,
Peggy May Starlings
PS : Because my resimay is a bit short - below is a pickture of me taken at my last jobb.
Employer's reply:......
Dear Peggy,
It's OK honey, we've got spell check..... Welcome onboard!!!
ကိုယ့်ဘ၀အတွက်.....
ကိုယ့်ဘ၀အတွက် ခရီးဖော်ဆိုတာ အလွန်အရေးကြီးတဲ့သူတစ်ဦးပါ။ ချစ်ခြင်းတရားနဲ့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတဲ့သူများ ရှိသလို မေတ္တာတရားနဲ့ ရွေးချယ်တဲ့ သူများလည်း ရှိကြမှာပါ။ ချစ်တာကို စာဖွဲ့ပြလို့မရသလို မေတ္တာတရားကိုလည်း စာတန်းထိုးပြလို့ မရတာကြောင့် သံယောဇာဥင်္တိုးခြင်း၊ မတိုးခြင်းက လုပ်ဆောင်မှုများနဲ့ သက်ဆိုင်ပါတယ်။ အဲဒီလုပ်ဆောင်မှုက သစ္စာတရားပါ။ သစ္စာရှိရှိနဲ့ ကိုယ့်နံဘေးက လူသားအတွက် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးနိုင်သူသာ ဘ၀ရဲ့ ခရီးဖော်အစစ်ပါ။ ဘ၀ခရီးကို ဆုံးခန်းတိုင်အောင် လျှောက်ဖို့ အစီအစဉ်တွေ ဆွဲထားပေမယ့် အကြောင်းအရာ တစ်ခုကြောင့် ပျက်စီးသွားခဲ့သူများလည်း ရှိပါတယ်။ အဲဒီလို ဆုံးဖြတ်မှုက အသက်ကြီး ငယ်နဲ့လည်း မဆိုင်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုရင်တော့ အိမ်ထောင် တစ်ခုခိုင်မြဲအောင် မထိန်းသိမ်းနိုင်ပါဘူးဆိုတဲ့ လူကြီး အချို့က စိုးရိမ်ပူပန်ကြပေမယ့် အဲဒီလူငယ်တွေကတော့ ဘ၀အတွက် နှစ်ယောက် အတူတူ ရုန်းကန်ချင်ကြပါတယ်။ တူနှစ်ကိုယ် အတူတူ နေချင်ပြီး ဘ၀ရဲ့အခက်အခဲများကို လက်တွဲဖြေရှင်းချင်ကြတာကြောင့် စစ်ကိုင်း ဘက်ကို ခိုးပြေးကြတဲ့ စုံတွဲ တစ်တွဲရဲ့ လက်တွဲဖော် အကြောင်း မေးမြန်းဖြစ်ပါတယ်။ သူတို့က ဖြိုးဝေဇော် နဲ့ သရုပ်ဆောင်မေကဗျာတို့ပါပဲ။ အသက် ၂၀ ၀န်းကျင် ဆိုတဲ့ အရွယ်က မိဘရဲ့အရိပ် အောက်မှာနေ၊ ရင်ငွေ့ကို ခိုလှုံကြရတဲ့အရွယ်လို့ မြန်မာ မိသားစုအသိုက်အ၀န်းက လက်ခံထားတာပါ။ ဒါကြောင့် မိဘတွေရဲ့ ကန့်ကွက်အချိန်ဆွဲမှုကို လက်မခံဘဲ တူနှစ်ကိုယ် တိုင်းပြည် ထူထောင်ကြတဲ့ ဖြိုးဝေဇော်နဲ့ မေကဗျာတို့ရဲ့ ဘ၀ခရီးဖော်အဖြစ် ရွေးချယ်ဖြစ်ကြပုံများကို ခံစားဖတ်ရှုပေးပါဦး။ ဖြိုးဝေဇော်နဲ့ မေကဗျာတို့ရဲ့ အိမ်ထောင်သက်က ၅ နှစ် ကျော်ကာလရှိပြီး ဂင်္ဂါမေ ဆိုတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားကြပါပြီ။
Ref # shweamyutay
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း
မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်
(၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)
တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးရေးတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စု
တစ်ခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသော
ကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကရင်၊
ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစု
အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စု
တစ်ခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊
အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးတို့က
ညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့
အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူ
ကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်း
စားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊
ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး
သမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့
စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခု
လွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်
သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့
လွတ်လပ်ရေးဖြစ်တယ်။
ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစား
အသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန်ကြိုးပမ်းခဲ့သောကြောင့် ရရှိလာသော
လွတ်လပ်ရေးဖြစ်တဲ့အတွက် ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစု
အားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကို
တိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်လည်းကောင်း၊ ထိပါးလာမယ်ဆို
လျှင် ပြည်ထောင်စုသားအားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံးသည်လည်းကောင်း၊
အသင်းအဖွဲ့အားလုံးသည်လည်းကောင်း၊ ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရ
မယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စု
သမတမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား
လူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း
ရှိ ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အကျိုးအများဆုံးရရှိအောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခန့်ခန့် အုတ်မြစ်ချလျက် သမတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသ
လောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြတော့မယ်။
ဒီသမတနိုင်ငံတော်သစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်း
ချင်း လူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်း
စားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီး
အအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးကချွေး ခြေမအထိကျအောင် ရွှံ့ဗွက်တွေ
ထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းထဲမှာ နေပူ
မိုးရွာမရှောင် တကုန်းကုန်း တရုန်းရုန်းနဲ့ အလုပ်လုပ်နေကြရပြီး လူတန်းစေ့ဘ၀လေးကိုမှ မရရှိ
ကြရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့
လူတန်းစားလည်း မရှိတော့ဘူး။
ဒီသမတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှလူတွေဟာ ကိုယ်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာဝင်ပြီး
အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်
မောင်းကြ၊ သတ္တုတွင်းတူးတဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်
တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့
လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာန
အသီးသီးမှာ ၀င်ရောက်ဆောင်ရွက်ကြ။ ဒီနည်းများဖြင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသားတွေ
ဟာ ကမ္ဘာ့အလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးကြိုးပမ်းကြရ
မယ်။
ကျွန်တော်တို့ရဲ့ မြေဆီမြေနှစ်တွေကို ပြည်ထောင်စုသား လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေက
လည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုက
လည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊ ၀ါးအစည်းပြေသလိုမပြေဘဲ၊
ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမတနိုင်ငံသစ်ကြီးကို မနှေး
အမြန် တည်ထောင်ဖြစ်မြောက်ရမယ်လို့ ကျွန်တော် အတည့်အလင်း ကြေညာရဲပါတယ်။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှား
လျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော
ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း၊
အချိန်မီသတိပေးနိုင်သည် ဖြစ်စေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့်
တာဝန်များကို ပျက်ကွက်လျှင်၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကို
လည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို
လည်းကောင်း၊ အချိန်မီသတိပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပ
ရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကို
အပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက်တက်ကြွလာအောင်
ပြည်ထောင်စု ပြည်သူလူထုတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။
(ဤ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းကို
အောင်စောဦး ပြုစုသည့် “လွတ်လပ်ရေးရွှေရတု” စာအုပ်မှ ကူးယူဖော်ပြပါသည်။)
Ref # New Era Journal
TOEFL, IELTS အမှတ်မလိုဘဲ စင်ကာပူတွင် Marketing သင်တန်းတက်ရောက်နိုင်
စင်ကာပူနိုင်ငံရှိ Informatics ကျောင်းတွင် Post Grad Dip in Marketing & Communication သင်တန်းတက်ရောက်သူများအနေဖြင့် TOFEL, IELTS ရမှတ်များရှိရန်မလိုကြောင်းသိရသည်။ လျှောက်ထားတဲ့သူတွေ ဘွဲ့တစ်ခုခုတော့ရထားမည်ဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့က S$4700 ၀န်းကျင်ပဲရှိကြောင်းသိရသည်။ ၄င်းသင်တန်းတွင် တက်ရောက်သူများသည် ဒီပလိုမာမှစတင်၍ Advanced Diploma, Bachelor Degree, Master Degree အထိ အဆင့်ဆင့်တက်ရောက်နိုင်ပြီး ကျောင်းပြီးဆုံးပါက စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ရန် အခွင့်အလမ်းပါရရှိနိုင်ကြောင်းသိရသည်။
Ref# all-channel myanmar
