Myanmar Wikipedia

အင်တာနက်ပေါ်တွင် အခမဲ့ ရယူသုံးစွဲနိုင်သော အွန်လိုင်းစွယ်စုံ ကျမ်းဖြစ်သော ၀ီကီပီဒီယား(Wiki pedia)း ကို မြန်မာဘာသာ စကား ဖြင့် သုံးစွဲနိုင်ရန်ပြုလုပ်ထားပြီဖြစ် ရာ မြန်မာဝီကီပီဒီယား my.wikipedia.org တွင် စတင်ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဝီကီပီဒီယားသည် အခမဲ့ဖတ် ရှုနိုင်ရုံသာမက သုံးစွဲသူကိုယ်တိုင် ၀င်ရောက်ရေးသားပြီး အသိပညာ ဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာ ရေးသားနိုင်သောနေရာဖြစ်ကြောင်း သိရသည်။

““လွတ်လပ်စွာ ရေးသားနိုင် တယ်ဆိုတာ အခြားသူတွေရဲ့ရေး သားချက်တွေကို ၀င်ရောက်ဖြည့် စွက်ရေးသားတာတွေ၊ မှန်ကန်တဲ့ အချက်အလက်တွေကို ဖြည့်သွင်း တာတွေနဲ့ မလိုအပ်တာတွေကို ဖယ်ရှားပစ်တာတွေ ကိုယ်တိုင် ၀င် ရောက်လုပ်ဆောင်နိုင်ပါတယ်။ အခုမြန်မာဘာသာနဲ့ ၀ီကီပီဒီယား ကို သုံးစွဲနိုင်ဖို့အတွက် ပြည်တွင်း ပြည်ပက မြန်မာကွန်ပျူတာပညာ ရှင်တွေက ကြိုးစားလုပ်ဆောင်ခဲ့လို့ my.wikipedia.org မှာ စပြီး ကြည့်ရှုနိုင်ပါပြီ”” ဟု မြန်မာဝီကီပီဒီ ယားကို ပါဝင်ဆောင်ရွက်လျက်ရှိ သော Solveware Solution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြန်မာဝီကီပီဒီယား တွင် အချက်အလက်အလွန်နည်း ပါးလျက် ရှိသေးသော်လည်း နောက်ပိုင်းတွင် မြန်မာအင်တာ နက် သုံးစွဲသူများသို့ မိတ်ဆက် အသိပေးပြီး မြန်မာဝီကီပီဒီယား တွင် ရေးသားပါဝင်ကူညီလိုသူများ နှင့် စိတ်ဝင်စားသူများ စတင်ကူညီ ရေးသားလာပါက ပိုမိုပြီးပြည့်စုံ သော အခမဲ့လွတ်လပ်စွယ်စုံကျမ်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိ ရသည်။

ဝီကီပီဒီယား (Wikipedia) ကို စတင်အကောင်အထည်ဖော်လုပ် ဆောင်ပေးခဲ့သာ Wikimedia Foundation သည် စွယ်စုံကျမ်း အပြင် သတင်းများ၊ စာအုပ်များ၊ အဘိဓာန်နှင့် အခြားသောအခမဲ့ ရယူနိုင်သည့်ကဏ္ဍများကိုပါ ဆက် လက် ကြိုးစားလုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။

Ref# Planet

Window XP

မိုက်က္ကရိုဆော့ဖ်ကော်ပိုရေးရှင်းဟာ သူတို့ရဲ့ Operation Systemဖြစ်တဲ့ WindowXPကို ကွန်ပျူတာအဓိက ထုပ်လုပ်ရေးလုပ်ငန်းကြီးတွေအပါအဝင် ဝယ်ယူသုံးစွဲသူတွေကို ရောင်းချခြင်းအား ဇွန်လ(၃၀)ရက်နေ့မှာ တရားဝင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကွန်ပျူတာထုပ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ Dell Inc., Hewlett-Parkard Co.တို့ဟာ ၎င်းတို့ရဲ့ ကွန်ပျူတာတွေမှာ WindowXP OSကို ထည့်သွင်းရောင်းချတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ WindowsXPကို ဆက်လက်သုံးစွဲလိုသူတွေအနေနဲ့ လောလောဆယ်မှာ Vista Ulitamate သို့မဟုတ် Vista Business OSကို ဝယ်ယူသွားရမှာဖြစ်ပြီး နောက်ပိုင်းမှာ XPကိုဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာထုပ်လုပ်တဲ့ အသေးစားကုမ္ပဏီတွေကိုတော့ WindowsXP OSကို လာမယ့် ၂၀၀၉ခုနှစ် ဇန်နဝါရီလကုန်အထိ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ Asus Eee PCကဲ့သို့ တန်ဖိုးနည်းကွန်ပျူတာတွေအတွက် WindowsXPဗားရှင်းတစ်ခုကိုလည်း ဆက်လက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Vista OSကို မသုံးစွဲချင်သူတစ်စုက WindowsXPကို မိုက်က္ကရိုဆော့ဖ်က ထပ်မံထုတ်လုပ်မယ့် Windows 7မထွက်လာခင်အထိ ရောင်းချပေးဖို့ တောင်းဆိုနေကြပါတယ်။ Windows 7ကို လာမယ့်၂၀၀၉ခုနှစ် တစ်ချိန်ချိန်မှာ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ မိုက်က္ကရိုဆော့ဖ်က သက်တမ်း(၆)နှစ်ကြာမြင့်ပြီဖြစ်တဲ့ WindowsXPနဲ့ပတ်သက်ပြီး နည်းပညာထောက်ပံ့မှုတွေကို ၂၀၀၉ခုနှစ်အထိပေးသွားမှာဖြစ်ပြီး အကန့်အသတ်ရှိတဲ့နည်းပညာထောက်ပံ့မှုကိုတော့ ၂၀၁၄ခုနှစ်အထိ ပေးသွားမယ်လို့ ပြောကြားထားပါတယ်။

Ref# planet

About this blog

Blog Archive