ဟစ်ဟော့ပ်ဂီတကိုမှ ခုံမင် နှစ်သက်ပါတယ်ဆိုတဲ့ ဟစ်ဟော့ပ်ပရိသတ်တွေ အတွက် Gold ရဲ့ ပံ့ပိုးမှုနဲ့ ဘိုစန်းက ဂျေမီ၊ ရဲလေး၊ စိုင်းစိုင်းခမ်းလှိုင်တိုရဲ့ ရှိုးပွဲတစ်ပွဲကို ဇူလိုင် ၂၀ ရက်နေ့ ညနေ ၃ နာရီက ကန်တော်ကြီး မျှော်စင်ကျွန်း မိုးလုံလေလုံရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲက ၃ နာရီမှ စမှာဆိုပေမယ့်လည်း တက်ကြွတဲ့ပရိသတ် တွေက နေ့လယ် ၁ နာရီခွဲလောက်ကတည်းက လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။ လက်မှတ်ပေါက်ဈေးက ၄၅၀၀ ပဲဖြစ်ဖြစ်ကြည့်မယ်ဆိုတဲ့ လူငယ်တစ်ဖွဲ့ရဲ့ပြောသံကိုလည်းကြားမိပါတယ်။ ဒီအားပေးမှုကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ဟစ်ဟော့ပ်ဂီတထွန်းကားသွားပြီလို့ ဆိုရမှာပါ။ ဟစ်ဟော့ပ်ဂီတက လူငယ်တွေကို လက်ဆင့်ကမ်း ကူညီတတ်တဲ့အတိုင်း အဖွဲ့သစ်လေးတွေဖြစ်တဲ့ G-Family၊ ပြည့်ဖူးခိုင် စတဲ့ ဟစ်ဟော့ပ်မျိုးဆက်တွေနဲ့ ပရိသတ်ကို ထိတွေ့စေပါတယ်။ ကြော်ငြာထားတဲ့သုံးယောက်ထဲက Black ဆန်လို့ လူငယ်ကြိုက်တဲ့ ဂျေမီက အီလည်လည်ဖြစ်နေတဲ့ သူ့ပရိသတ်ပျော်ရွှင်ရအောင် သီချင်းတွေနဲ့ စဖွင့်ပါတယ်။ နောက်တစ်ယောက်က ရဲလေး။ သူကတော့ အချို လေးတွေနဲ့ပရိသတ်ကိုဖျော်ဖြေပြန်ပါတယ်။ ပရိသတ်ကြိုက်တဲ့''အိမ်'' စီးရီးထဲက သီချင်းတွေနဲ့ ပရိသတ်ကို လှုပ်စေပြန်ပါတယ်။ နောက်ဆုံးမှာတော့ စိုင်းစိုင်းခမ်းလှိုင်က အပိတ် သီဆိုပါတယ်။ စိုင်းစိုင်းက သူ့ရဲ့ အထာအတိုင်းပရိသတ်နဲ့ အခေါ်အပြော ရှိတယ်၊ ပါဖောမန့်လည်း ကောင်းတယ်ဆိုတော့ အားပေးမှုက အတိုင်းထက်အလွန် ပါပဲ။ မရိုးနိုင်တဲ့ တောဂေါ်လီကလည်း မပါမဖြစ်ပေါ့။ မျှော်စင်ကျွန်းကပြန် အထွက်မှာတော့ အရှိန်မသေသေးတဲ့ ဟစ်ဟော့ပ်ပရိသတ်က ဟစ်ဟော့ပ်ဂီတကို ရွတ်ဖတ်လို့ပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ ပရိသတ်ရဲ့ ပြောသံဆိုသံတွေကြားရတာနဲ့တင် ဒီပွဲ က ပရိသတ်တွေ စိတ်ကျေနပ်စေခဲ့တဲ့ပွဲလို့ ပဲဆိုရမှာပါ။
Ref # Popular Myanmar
မြန်မာပြည်မှာ ဟစ်ဟော့ဂီတအောင်မြင်ပြီလို့ သက်သေပြကြတဲ့ ဂျေမီ၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရဲလေး
Posted by
Tun Lin Aung
at
Thursday, 31 July 2008
0 comments:
Post a Comment