ကိုယ့်ဘ၀အတွက်.....

ကိုယ့်ဘ၀အတွက် ခရီးဖော်ဆိုတာ အလွန်အရေးကြီးတဲ့သူတစ်ဦးပါ။ ချစ်ခြင်းတရားနဲ့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတဲ့သူများ ရှိသလို မေတ္တာတရားနဲ့ ရွေးချယ်တဲ့ သူများလည်း ရှိကြမှာပါ။ ချစ်တာကို စာဖွဲ့ပြလို့မရသလို မေတ္တာတရားကိုလည်း စာတန်းထိုးပြလို့ မရတာကြောင့် သံယောဇာဥင်္တိုးခြင်း၊ မတိုးခြင်းက လုပ်ဆောင်မှုများနဲ့ သက်ဆိုင်ပါတယ်။ အဲဒီလုပ်ဆောင်မှုက သစ္စာတရားပါ။ သစ္စာရှိရှိနဲ့ ကိုယ့်နံဘေးက လူသားအတွက် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးနိုင်သူသာ ဘ၀ရဲ့ ခရီးဖော်အစစ်ပါ။ ဘ၀ခရီးကို ဆုံးခန်းတိုင်အောင် လျှောက်ဖို့ အစီအစဉ်တွေ ဆွဲထားပေမယ့် အကြောင်းအရာ တစ်ခုကြောင့် ပျက်စီးသွားခဲ့သူများလည်း ရှိပါတယ်။ အဲဒီလို ဆုံးဖြတ်မှုက အသက်ကြီး ငယ်နဲ့လည်း မဆိုင်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုရင်တော့ အိမ်ထောင် တစ်ခုခိုင်မြဲအောင် မထိန်းသိမ်းနိုင်ပါဘူးဆိုတဲ့ လူကြီး အချို့က စိုးရိမ်ပူပန်ကြပေမယ့် အဲဒီလူငယ်တွေကတော့ ဘ၀အတွက် နှစ်ယောက် အတူတူ ရုန်းကန်ချင်ကြပါတယ်။ တူနှစ်ကိုယ် အတူတူ နေချင်ပြီး ဘ၀ရဲ့အခက်အခဲများကို လက်တွဲဖြေရှင်းချင်ကြတာကြောင့် စစ်ကိုင်း ဘက်ကို ခိုးပြေးကြတဲ့ စုံတွဲ တစ်တွဲရဲ့ လက်တွဲဖော် အကြောင်း မေးမြန်းဖြစ်ပါတယ်။ သူတို့က ဖြိုးဝေဇော် နဲ့ သရုပ်ဆောင်မေကဗျာတို့ပါပဲ။ အသက် ၂၀ ၀န်းကျင် ဆိုတဲ့ အရွယ်က မိဘရဲ့အရိပ် အောက်မှာနေ၊ ရင်ငွေ့ကို ခိုလှုံကြရတဲ့အရွယ်လို့ မြန်မာ မိသားစုအသိုက်အ၀န်းက လက်ခံထားတာပါ။ ဒါကြောင့် မိဘတွေရဲ့ ကန့်ကွက်အချိန်ဆွဲမှုကို လက်မခံဘဲ တူနှစ်ကိုယ် တိုင်းပြည် ထူထောင်ကြတဲ့ ဖြိုးဝေဇော်နဲ့ မေကဗျာတို့ရဲ့ ဘ၀ခရီးဖော်အဖြစ် ရွေးချယ်ဖြစ်ကြပုံများကို ခံစားဖတ်ရှုပေးပါဦး။ ဖြိုးဝေဇော်နဲ့ မေကဗျာတို့ရဲ့ အိမ်ထောင်သက်က ၅ နှစ် ကျော်ကာလရှိပြီး ဂင်္ဂါမေ ဆိုတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားကြပါပြီ။

Ref # shweamyutay

0 comments:

About this blog

Blog Archive