မြန်မာစာ SM3 ရေးတက်ရုံဖြင့် မြန်မာ SM3 သုံးနိုင်မည့် M9 ဖန်တီးထားသော SM3 မြန်မာစာ (SMS) စနစ်ကို ဖုန်းအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုနိုင်ရန် အခမဲ့ရယူနိုင်ပြီဖြစ်သည်။ SM3 မြန်မာစာစနစ်အား မိမိထည့်သွင်း လိုသော ဖုန်းအမှတ်တံဆိပ်နှင့် ကိုက်ညီမည့် (SM3.jar နှင့် SM3 jad) File များကို ဖုန်းဆိုင်များတွင် ရယူနိုင်ပြီး Java MIDP Version 2.0 နှင့်အထက်ရှိသော လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ စာတိုလက်ခံခြင်းအတွက် အခမဲ့ရယူ အသုံးပြုနိုင်သော SM3 မြန်မာစာစနစ်အား ဖုန်းအတွင်းသို့ ထည့်သွင်းရာတွင် ဖုန်းနှင့်အတူပါရှိသော ဆော့ဖ်ဝဲများကို အသုံးပြု၍ မူရင်းကုမ္ပဏီထုတ် Data Cable/ IRD Infrared/ Bluetooth မှ တစ်ဆင့်ထည့်သွင်းနိုင်သည်။ SM3 သည် မြန်မာအက္ခရာများကို အလွတ်ကျက်မှတ်ရန်မလိုဘဲ မြန်မာစာရေးသကဲ့သို့ လွယ်ကူလျင်မြန်စွာရေးသားနိုင်ရန် သုတေသန ပြုထားသော M9 (မြန်မာ၉) မြန်မာစာလက်ကွက်စနစ်ကို အသုံးပြုထားပြီး ၀ လုံးကို အခြေခံကာ မြန်မာအက္ခရာပုံစံများအရ လက်ကွက် ၉ ခုပေါ်တွင် အသီးသီးနေရာချထားသည်။
REF# all-channel myanmar
မြန်မာစာရေးတက်ရုံဖြင့် SM3 သုံးနိုင်မည်
Posted by
Tun Lin Aung
at
Friday, 18 July 2008
0 comments:
Post a Comment