မြို့  နယ်လေး တစ်ခုက လမ်း



နာမည်ရစ ပန်းချီဆရာ သူငယ်ချင်းက သူ့ ချစ်သူနဲ့ အတူ ဂွတ္တလစ်ဘက်မှာ အိမ်ငှားပြီး

စတူဒီယိုလုပ် တော့ ကျွန်မ အဲဒီကိုလည်း ရောက်ခဲ့တယ် ။

သူ့ ဆီမှာ သူငယ်ချင်းတွေ စုပြီး စားကြ သောက်ကြပေါ့ ။

နောက်ထပ် လမ်း ပန်းချီကားလေး ၂ကားရှိသေးတယ်.. တစ်ကားက လားရှိုးက ..

နောက်တစ်ကား ကရန်ကုန် ကတက္ကသိုလ်ကြီးရဲ့ လမ်း … ကျွန်မလျှောက်ရမယ်ထင်ပြီး

မလျှောက်ခဲ့ရလို့ သွားကြည့်ရင်း အာရုံရလို့ ..ဒါပေမယ့်အဲဒီ ၂ကားက သိပ်မကြိုက်လို့

့ဓာတ်ပုံတောင်မရိုက်ဖြစ်ဘူး ။

ကျွန်မ ဘ၀မှာ ပန်းချီသက်တန်း သာ ရှည်လာတယ်..

ကားတွေက တိုးပွားမလာဘူး ။

သူများတွေက professional ဖြစ်လာတယ် ။

ကျွန်မကတော့ ကျောင်းသူ ဘ၀ ကမလွတ်ဘူး ။ဆွဲတုန်းကတော့ ကြိုက်မိပြီး ကြာလာတော့

ကိုယ်ဘာသာ ရိုးလို့ ချောင်ထိုးမိတာလည်းရှိတယ်။

အခုအချိန်အထိ ကျွန်မ ကြိုက်မိတဲ့ ကိုယ်ဆွဲသမျှပန်းချီကားလေးတွေအကြောင်း

ပြောပြချင်တယ်။

Ref # Law Ka Ahla

1 comments:

hana san 30 May, 2009 10:50  

ဒီ မြို့နယ်လေးတစ်ခုက လမ်း ဆိုတဲ့ ပန်းချီကို ရေးဆွဲတာ ချစ်သူလေး ဖြစ်ပြီး သရုပ်ဖော် ဇာတ်လမ်းကိုလည်း ပန်းချီဆရာမ ကိုယ်တိုင် ရေးထားတာ ဖြစ်ပါတယ်။ လောကအလှအွန်လိုင်း မဂ္ဂဇင်းကို ပန်းချီဆရာမလေး ကိုယ်တိုင် ပေးထားတာ ဖြစ်ပါတယ်။ လောကအလှမှ ကူးယူဖော်ပြခြင်းကို မကန့်ကွက်သော်လည်း မူရင်းဖန်တီးသူ ပန်းချီဆရာမ အမည်နှင့် လောကအလှ ၀က်ဘ်ဆိုက်တ် လင့်ခ် တို့ကို အပြည့်အစုံ ဖော်ပြပေးမှသာလျှင် ကူးယူဖော်ပြခွင့် ပြုထားပါတယ်။လောကအလှ မူလစာမျက်နှာပေါ်မှာ ကြေညာချက် ပါရှိပါတယ်။ ဘလော့ဂ်ပိုင်ရှင်မှ စေတနာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်သော်လည်း အခန့်မသင့်၊ ပြန်လည်တင်ပြပုံ မပြည့်စုံလျှင် ဥပေဒ ငြိစွန်းနိုင်ပါတယ်။ google search engine ကိုအသုံးပြုကာ ရှာဖွေလိုက်လျှင် မည်သူသည် မည်သည့်နေရာမှ ကူးယူထားသည်ဆိုသည်ကို ထင်ရှားစွာ သိမြင်နိုင်တဲ့အတွက် sincere ဖြစ်သင့်ပါတယ်။ IT ခေတ်ကြီးမှာ အင်တာနက်ပေါ်မှာ ဘာမှ မသိနိုင်ဘူးဆိုတာ မရှိတော့တဲ့အတွက် ပိုလို့ sincere ဖြစ်သင့်ပါတယ်လို့ အကြံပေးပါရစေ ရှင်။

ဟနစံ
www.lawka-ahla.com
(လောကအလှ)

About this blog

Blog Archive