မူလကအမေရိကန်နိုင်ငံအတွက် ရေကူးသမားတွေအသုံးပြုဖို့ တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ခုတော့
အာရှဈေးကွက်ကိုရောက်ရှိလာခဲ့တယ်။Finis SwiMP3 V2 မော်ဒယ်ဟာရေကူးသမားတွေအသုံးပြုတဲ့ Goggle
မျက်မှန်နဲ့အတူတွဲပြီး ဝတ်ဆင်နိုင်အောင်စီမံထားတယ်။ ထူးခြားချက်ကတော့ ရေကူးတဲ့အခါ ရေနဲ့အမြဲထိတွေ့
နေမှာဖြစ်လို့ ရေစိုခံ၊ ရေစိမ်ခံဖြစ်အောင် ဖန်တီးထားတဲ့နည်းပညာပါ။ သမရိုးကျနားကြပ်တွေလို နားထဲမထည့်
ရဘဲ ပါးပေါ်မှာဝတ်ဆင်ရပါတယ်။ နားကြပ်ရဲ့အသံလှိုင်း တုန်ခါမှုကိုပါးရိုးကတစ်ဆင့် နားထဲက အရည်ကြည်
ဆက်လက်တုန်ခါစေပြီး သောတအာရုံကို ခံစားစေတာဖြစ်တယ်။ Goggle မျက်မှတန်နဲ့ Finis SwiMP3 V2 ကို
အံကျဖြစ်အောင် စီစဉ်ထားပေမယ့် ဝတ်ဆင်တဲ့နေရာမှာ ညွှန်းဆိုထားတဲ့အတိုင်းမလုပ်မိရင်ပြုတ်ထွက်သွားနိုင်
ပါတယ်။ သတ်မှတ်ရောင်းဈေးကတော့ ၃၃၉စင်ကာပူဒေါ်လာ ဖြစ်ပါတယ်ဟု ၂၀၀၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့
ထုတ် ဈေးကွက်ဂျာနယ်တွင်ဖော်ပြထားပါသည်။
Ref # Khit Lu Nge
ရေကူးရင်း သီချင်း နားထောင်နိုင်မယ့် M3 Player
Posted by
Tun Lin Aung
at
Friday, 25 July 2008
0 comments:
Post a Comment