အသုံးပြုသူ၏ မျက်နှာကို မှတ်သားနိုင်သော တိုရှီဘာအမျိုးအစား Note Book များရောင်းချမည်




ဈေးနှုန်းသင့်တင့်ပြီး အသုံးပြုသူ၏မျက်နှာကို မှတ်သားနိုင်သော တိုရှီဘာအမျိုးအစား Note Book
မော်ဒယ်လ်သစ်တစ်မျိုးကို ဇွန်လအတွင်း စတင်တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်း
Note Book ၏ မော်ဒယ်လ်မှာ Portege M800 ဖြစ်ပြီးတိုရှီဘာ၏ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်
Lucky Bird Co,.Ltdမှတင်သွင်းမည်ဖြစ်ကြောင်းသိရသည်။ “၁၃.၃လက်မရှိတဲ့ ကြည်လင်တဲ့စူပါမြင်ကွင်း
မှန်သားပြင်နဲ့ နှစ်ကီလိုဂရမ်အောက်ပေါ့ပါးတဲ့ Portege M800စာEasy Guard နည်းပညာတပ်ထားတဲ့အ
ပြင် Smart Face Long-on ရယ်၊ စီးပွားရေးလုပ်ငန်းရှင်ကတ်ပြား(Business Card)ဖတ်စက်ရယ်၊ FMညှိ
ဖမ်းစက်ရယ်၊ စတဲ့ပစ္စည်း အသစ်တွေပါရှိလာပါတယ်” ဟု Lucky Bird Co,.Ltd မှတာဝန်ရှိသူတစ်ဦးက
ပြောသည်။ ၄င်း Note Bookအမျိုးအစား မှာတိုရှီဘာစင်္ကာပူပရိုက်ဗိတ်လီမိတက်၏ဌာနခွဲ CSD မှ မေလ
လယ်တွင် စတင်ကြေညာခဲ့သောဒီဇိုင်း ဖြစ်ပြီး ၄င်း Note Bookများတွင်လျှို့ဝှက် သင်္ကေတ(Password)
ကိုမှတ်သားထားရန်မလိုဘဲ ကင်မရာဖြင့် မှတ်သားထားသောအသုံးပြုသူ၏ မျက်နှာနှင့် လက်ဗွေရာထား
ရှိဆောင်ရွက်ခြင်းဖြင့် စက်၏လုံခြုံရေးအတွက် စိတ်ချရနိုင်ကြောင်း သိရသည်။ ၄င်း Note Bookများ၏အ
သေးစိတ်အချက်အလက်များကို www.domoreinstyle.com (သို့မဟုတ်) Lucky Bird Toshiba Show
room တွင်လေ့လာနိုင်ကြောင်းသိရသည်ဟု ၂၀၀၈ခုနှစ်ဇွန်လ ၁၂ရက်နေ့ထုတ်အင်တာနက်ဂျာနယ်တွင်
ဖော်ပြထားပါသည်။

Ref # Khit Lu Nge

0 comments:

About this blog

Blog Archive