နာမည်ရစ ပန်းချီဆရာ သူငယ်ချင်းက သူ့ ချစ်သူနဲ့ အတူ ဂွတ္တလစ်ဘက်မှာ အိမ်ငှားပြီး
စတူဒီယိုလုပ် တော့ ကျွန်မ အဲဒီကိုလည်း ရောက်ခဲ့တယ် ။
သူ့ ဆီမှာ သူငယ်ချင်းတွေ စုပြီး စားကြ သောက်ကြပေါ့ ။
နောက်ထပ် လမ်း ပန်းချီကားလေး ၂ကားရှိသေးတယ်.. တစ်ကားက လားရှိုးက ..
နောက်တစ်ကား ကရန်ကုန် ကတက္ကသိုလ်ကြီးရဲ့ လမ်း … ကျွန်မလျှောက်ရမယ်ထင်ပြီး
မလျှောက်ခဲ့ရလို့ သွားကြည့်ရင်း အာရုံရလို့ ..ဒါပေမယ့်အဲဒီ ၂ကားက သိပ်မကြိုက်လို့
့ဓာတ်ပုံတောင်မရိုက်ဖြစ်ဘူး ။
ကျွန်မ ဘ၀မှာ ပန်းချီသက်တန်း သာ ရှည်လာတယ်..
ကားတွေက တိုးပွားမလာဘူး ။
သူများတွေက professional ဖြစ်လာတယ် ။
ကျွန်မကတော့ ကျောင်းသူ ဘ၀ ကမလွတ်ဘူး ။ဆွဲတုန်းကတော့ ကြိုက်မိပြီး ကြာလာတော့
ကိုယ်ဘာသာ ရိုးလို့ ချောင်ထိုးမိတာလည်းရှိတယ်။
အခုအချိန်အထိ ကျွန်မ ကြိုက်မိတဲ့ ကိုယ်ဆွဲသမျှပန်းချီကားလေးတွေအကြောင်း
ပြောပြချင်တယ်။
Ref # Law Ka Ahla
မြို့  နယ်လေး တစ်ခုက လမ်း
The Art of Changing Yourself
Life is constantly pounding you from the outside with millions of hammer blows, but you have the last word as to how those blows will change you.
Man alone, of all creatures of earth, can change his own pattern. Man alone is architect of his destiny.
William James declared that the greatest revolution in his generation was the discovery that human beings, by changing the inner attitudes of their minds, can change the outer aspects of their lives.
You cannot climb uphill by thinking downhill thoughts. If your world is gloomy and hopeless, it is because you are gloomy and hopeless. You must change your mind to change your world.
Change demands self-discipline. Command yourself and make yourself do what needs to be done.
Changes requires the substituting of new habits for old. You mould your character and your future by your thoughts and acts.
Change can be advanced by associating with men and women with whom you can walk among the stars. Meet, mingle and make friends with those who have upward urge.
Change can be achieved by changing your environment. Let go of lower things and reach for higher. Surround yourself with the best in books, music and art. Listen to the greatest speakers. Hang on the wall of your home portraits of the men you most admire.
Change can be realized through conscious evolution. Moment by moment, day by day, concentrate on becoming the man you want to be.
Written by (Wilfred Peterson) in 1960.
TAH မှ ပုံပြင်များ - နှစ်ပင်လိမ်
သူ၏ရှေ့တွင် ထိုင်နေသော အထက်၊အောက်အ၀ါရောင် တဆင်တည်း ၀တ်ထားသော မိန်းကလေး၏ မျက်နှာကို တချက် အကဲခပ်လိုက်သည်။ သူမ ခါတိုင်းလို ရွှင်ရွှင်ပျပျ မရှိတာကို သတိထားမိသည်။ သူ ဖွင့်ပြောလိုက်ရတော့မည်လော၊ မပြောသေးပဲ ခေတ္တစောင့်ဆိုင်းရမည်လော။ စားပွဲပေါ်ရှိ လိမ္မော်ရည်ကို သူ တကျိုက် ယူသောက်လိုက်သည်။ ကိုယ်ကို မတ်နေအောင် ပြင်ထိုင်လိုက်ပြီး
“လွင့်ကို ကိုယ်တစ်ခု ပြောစရာ … ။” “လွင် ကို့ကို ပြောစရာ … ”
ပြောမဲ့ပြောတော့လဲ နှစ်ယောက်စလုံး နှုတ်မှ သံပြိုင်ထွက်လာသည်။
“ဒါဆို လွင်အရင်ပြောပါ။”
“မဟုတ်ဘူး၊ ကို အရင်ပြော။”
သူဘာပြောမည်ဆိုတာ သူသိသဖြင့် သူဇွတ်ငြင်းမိသည်။
“လွင် အရင်ပြောပါ၊ ကိုယ့်ကိစ္စက နောက်မှ ပြောလဲ ရပါတယ်။”
လွင်ဆိုသော မိန်းကလေးသည် ပင့်သက်တချက် ရှိုက်သွင်းလိုက်ပြီး နှုတ်ခမ်းကို တင်းတင်း တချက် စေ့သည်။ အတန်ကြာမှ သက်ပြင်းတချက်ချပြီး လေးလေးတွဲ့တွဲ့ အသံဖြင့် …
“လွင် တို့ လမ်း ခွဲ ရ အောင် ကို … ။”
သူမကပဲ ဆက်ပြောပြန်သည်။
“ကို့မှာ အပြစ်မရှိပါဘူးကို။ ကို့ကို လွင်ချစ်လို့ မရတော့တာ တခုပါပဲ။ လွင့်မှာ တခြား ချစ်ရမဲ့သူ ရှိနေပြီ … ။”
ကမ္ဘာမြေသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်လေသည်။
“ကောင်းပြီလေ။ လွင့်သဘောပါ … ။”
လေသံကို အတတ်နိုင်ဆုံး ကြိုးစားထိန်း၍ ပြောလိုက်ရသည်။
“ကို ပြောစရာ ရှိတယ်ဆို၊ ဘာပြောမလို့လဲ ဟင်။”
သူ့ကို ‘ကို’ ဟု ဆက်ခေါ်နေတုန်းပါလား။ အကျင့်ပါနေလို့ ဖြစ်မှာပေါ့လေ။ ဒီအချိန်ကျမှတော့ သူပြောမည့်စကားကို ပြောနေလို့လဲ မထူးတော့ပါဘူးလေ။ ဘယ်လို ပြန်ပြောရမည် စဉ်းစားနေဆဲတွင်ပင် …
“ကို မပြောတော့ဘူးဆိုရင် လွင်သွားတော့မယ်။ ချိန်းထားတာလေး တစ်ခု ရှိလို့။”
ဟိုတစ်ယောက်နဲ့လားဟုပင် ပြန်မမေးဖြစ်ပါ။ ၁၂၀% သေချာနေသော အဖြေကို သိရ၍ ဘာအကျိုးအမြတ်ရှိပါမည်နည်း။
ကမ္ဘာကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေဆဲပင် ဖြစ်သည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် မယုံနိုင်လောက်အောင် ဖြစ်ရသည်။ သူ၏ခံစားချက်များသည် နိမ့်လိုက်၊မြင့်လိုက်နှင့် ပန်းပေါင်းစုံ ဖူးပွင့်နေသော လှပသည့် ကမ္ဘာမြေကြီးသည် အိုးထိန်းစက်လို ချာချာလည်၍ သူ့လောကထဲသို့ ၀င်ရောက်လာသလို သူခံစားရသည်။
လမ်းခွဲစကားပြောမည့်သူထက် ဦးအောင်လမ်းခွဲစကား ပြောသွားသဖြင့် အနည်းငယ် မကျေနပ်သလိုလို၊ ခံရခက်သလိုလို ရှိသော်လည်း အခုမှတော့ ဒါတွေက အရေးမကြီးပါဘူးလေဟု သူ့ကိုယ်သူ ဖြေသိမ့်ရသည်။ ကိစ္စတစ်ခု အောင်မြင် ပြီးမြောက်သွားသလို ခံစားရသည်။ ‘မိုး’ ထံသို့အသွားတွင် သူ၏ခြေလှမ်းများက သွက်လက် ပေါ့ပါး နေလေသည်။
မိုး ကို သူ အင်တာနက်ပေါ်ရှိ အောင်သွယ် ၀န်ဆောင်မှု တစ်ခုတွင် သူ စသိခဲ့ရခြင်းဖြစ်သည်။ မိုးသည် တီတီတာတာ ပြောတတ်သည်၊ စိတ်ရင်းကောင်းသည်၊ ပျော်တတ်သည်၊ ဟာသဥာဏ်ရှိသည်၊ လွယ်လွယ်နှင့် စိတ်မဆိုးတတ်။ အပြင်မှာ မမြင်ဖူးသော်လည်း ကွန်ပျူတာ ဖန်သားပြင်ပေါ်ရှိ ဖော့စဖိတ်ဓာတ်ပေါင်းမှုန့်များက ဖော်ပြပေးသော သူမ၏ စကားများဖြင့် သူ မိုးကို သံယောဇဉ်တွယ်ပြီး ချစ်မိလေသည်။ တချိန်တည်းမှာပင် လွင့်အပေါ်တွင် ထားရှိသော သူ၏ အချစ်များ တဖြည်းဖြည်း လွင့်ပါးလာခဲ့ရပြီး ချစ်သူတစ်ယောက်လို မချစ်နိုင်သော အခြေသို့ ရောက်ရှိခဲ့ရသည်။ လွင်ရိပ်မိသွားလို့များ သူစိတ်ချမ်းသာအောင် လမ်းခွဲပေးခဲ့တာများလား … ။
“တိန် တောင် တိန် တောင် … ”
လက်ကိုင်ဖုန်းသို့ message ၀င်လာသောကြောင့် သူ့အတွေးမျှင်များ ပြတ်တောက်သွားသည်။ မိုးဆီကပဲ။
“မိုးရောက်နေပြီ၊ အ၀ါရောင် ၀တ်ထားတယ်။”
သူလဲ ရောက်လုပါပြီ။ ချိန်းထားသော ကော်ဖီဆိုင်ထဲသို့ သူလှမ်းဝင်လိုက်သည်။ ဆိုင်အတွင်းတွင် အ၀ါရောင် အပေါ်အောက် ဆင်တူ ၀တ်ထားသော မိန်းကလေးကို တစ်ဦးတည်းသာ ရှိသည်။ ကောင်းသည်၊ လူမှားစရာ မရှိတော့။ သူဆိုင်ထဲ လှမ်းအ၀င်တွင် အ၀ါရောင် မင်းသမီးလေးက သမင်လည်ပြန် လှည့်ကြည့်လေသည်။ ထိုခဏမှာပင် ကမ္ဘာမြေသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်လေသည်။
‘မိုး’ သည် ချောပါသည်၊ လှပါသည်၊ မြင်သူတိုင်း ငေးရလောက်သော ရူပကာ ပိုင်ရှင်ဖြစ်ပါသည်။ သို့ရာတွင် ထို့ထက်ပို၍ အရေးကြီးသည်မှာ သူမ၏ မှတ်ပုံတင်ထဲတွင် သူမ၏အမည်ကို ‘မိုးသိမ့်လွင်’ ဟု ဖြည့်သွင်းရေးသားထားခြင်း ဖြစ်ပါသည်။
လောရှည်
ညီမလေးနဲ့ ကိုယ်
ခရေပွင့်တွေ
တဖွဲဖွဲကြွေလွင့်နေတဲ့
ရွှေအိုရောင်ရင့်ရင့်ခြယ်
ညနေခင်းအရိပ်မှာ
ညီမလေးရေ .. .
မင်းနဲ့ ငါရဲ့ စိတ်တွေ
ကဗျာတစ်ပုဒ်နဲ့ 
ခရေပန်းရနံ့ တွေကြား
လွင့်မြောနေကြ ။
နောက်ပြန်လှည့်မရတဲ့
လမ်းကအလွမ်းအဆွေးတွေ
တပွေ့ ကြီးယူလာမှာကို စိုးတယ်
ညီမလေးရေ ...
မင်းနဲ့ ငါ
နေမမြင် .. လမမြင်
လမ်းမမြင် .. ကမ်းမမြင်
နှလုံးသားမြစ်တစ်စင်းပေါ်
ပွင့်ဖတ်တံတားနဲ့ 
အတူလျှောက်ခဲ့ကြ ။
ကိုယ့်ရဲ့ လမ်းအဆုံးက
ညီမလေးရဲ့  ရင်ခွင်ပါပဲ
ကိုယ့်ရင်ခွင်ကတော့
ညီမလေးရဲ့ ထာဝရရဲတိုက်ပဲပေါ့ .. .
(ဒါပေမယ့်) ကိုယ်တို့ နှစ်ယောက်ရဲ့ 
နှလုံးသားမြိုးပြလမ်းမတွေက
မီးနီတွေရဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ရဲ့ 
ရင်ခုန်စရာညတွေကလည်း
မျက်ရည်တွေဝဲလို့  .. .
ကိုယ်တို့ နှစ်ယောက်ကြားက
လောကဓံတရားက အချိုးအစားမပြေပြစ်တဲ့
မြစ်ကမ်းပါးနှစ်ဖက်လိုမျိုး
မျက်နှာချင်းဆိုင်ထိုင်ပြီး
အလွမ်းတွေပြိုကျနေတာ
ဝေးကွာမှုက တစ်စတစ်စ ။
ဆောင်းဦးပေါက်ညထဲက
ကိုယ့်ရင်ခုန်သံတွေ
မြန်စေတဲ့ညီမလေးရဲ့ 
ကြယ်မျက်ဝန်းလေးပျောက်ရှတော့
ကိုယ့်နှလုံးသားက
ဆောင်းဦးရွက်ကြွေလို
အသက်ဓာတ်ရယ်က ခပ်ပါးပါး .. . ။
ကိုချို
မုန်တိုင်းအပြီး မြန်မာလူငယ်တွေ ပြည်ပထွက်ဖို့ကြိုးစား
မုန်တိုင်းအပြီး ခရီးသွားလုပ်ငန်းကျလာသည့်အချက်၊ စီးပွားရေးကျပ်တည်းလာသည့်အချက် များကြောင့် မြန်မာလူငယ် အများအပြား ခရီးသွားလုပ်ငန်းမှ ထွက်ပြီး စင်ကာပူသွားရန် ကြိုးစားကြရာ ရန်ကုန်စင်ကာပူသံရုံးတွင် နေ့စဉ် ဗီဇာလျှောက်သူများ ပြည့်ကျပ်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။
အချို့ငွေကြေးတတ်နိုင်သူ ပညာတတ်လူငယ်များလည်း စင်ကာပူရောက်ပြီး အလုပ်မရှိဖြစ်နေ သည်ဟု စုံစမ်းသိရသည်။ မြန်မာနိုင်ငံမှာ ဂျာမန်များနှင့် အိမ်ထောင်ပြုထားသည့် အသက် (၂၀)
ဝန်းကျင် မြန်မာအမျိုးသမီး လူငယ်စုံတွဲ အချို့လည်း မကြာခင်က ဂျာမနီနိုင်ငံရောက်လာသလို နေ့စဉ် ဂျာမနီမှ နှင်ထုတ်ခံနေရသည့် မြန်မာများလည်းရှိသည်ဟု ဂျာမနီမြန်မာအသိုင်းအ၀ိုင်းက ပြောသည်။ မြန်မာမိန်းကလေးငယ် အတော်များများမှာမူ လောလောဆယ် ယူအေအီးနိုင်ငံသို့ အထွက်များသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ ။
Ref # Khit Pyine Journal
တံခါးခေါက်သံ
စနေနေ့ရဲ့ မနက်ခင်းတစ်ခု…။
သောကြာညတုန်းက တော်တော်နဲ့ မအိပ်ဖြစ်လိုက်တာကြောင့် စနေမနက်ခင်းမှာတော့ သူ့အိမ် တစ်အိမ်လုံးကို အိပ်စက်အနားယူခြင်းကသာ မောင်ပိုင်စီးထား၏။ တီဗွီပိတ်၊ ကွန်ပျူတာပိတ်၊ ဖုန်းပလပ်ဖြုတ်၊ အိမ်တံခါးပိတ်…ဂျိတ် ဆိုပါတော့…။ အပြင်မှာ ရွာနေတဲ့ မိုးသံ တဝေါဝေါကလဲ အိပ်နေတဲ့လူကို ဇိမ်ပိုရှိအောင် ပံ့ပိုးနေသယောင်ယောင်…။
သို့သော်…။
***
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
နားထဲကို စက်သေနတ် အတွဲလိုက် လာပစ်ထည့်နေသလား ထင်ရလောက်တဲ့ တံခါးခေါက်သံက အိပ်လို့ကောင်းနေတဲ့ အာရုံကို ကန်ကျောက်လှုပ်နှိုး ပစ်လိုက်သည်။ ကြားကြားဖူးသမျှ တံခါးခေါက်သံတွေထဲမှာ ဒီတခါ တံခါးခေါက်သံကတော့ တကယ်ကို `အားမနာလျှာမကျိုး´ တံခါးခေါက်သံ…။ တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရုံနဲ့တင် အားမရသေးလို့လား မသိ…၊ တစ်ချက်တစ်ချက်မှာ တံခါးသော့ပေါက် လက်ကိုင်ဘုကို ဆွဲလှည့်နေတဲ့ အသံ တကလစ်ကလစ် ကိုပါ ကြားနေရသေးသည်။
`ကျွတ်…၊ ဘယ်သူလဲ မသိဘူး။ မဖွင့်ဘူးကွာ´
အိမ်ကို လာလာခေါက်တဲ့ တံခါးခေါက်သံတွေကို ခေါက်တဲ့ အသံပုံစံကို မူတည်ပြီး သူက အမျိုးအစားခွဲထား၏။ တချို့က တံခါးကို ဖွဖွလေး ခေါက်သည်။ တံခါးလာခေါက်ရတာကိုတောင် တော်တော်အားနာနေရတဲ့ အသံမျိုး။ များသောအားဖြင့်ကတော့ ကရင်အကိုကြီးတို့ လင်မယား လာခေါက်ရင် ဒီလို အသံမျိုး ကြားရသည်။ အကူအညီ တစ်ခုခု လိုပေမယ့် အင်မတိအင်မတန် အားနာတာကြောင့် တံခါးကို မရဲတရဲ ခေါက်တဲ့ပုံစံ။
ထူးထူးခြားခြား တံခါးခေါက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကိုရောက်လာတာ လေးငါးခြောက်လလောက်ပဲ ရှိသေးသော `ကိုမိုးဇက်´ ဆိုတဲ့ လူ…။ သူ တံခါးခေါက်တာကတော့ သူများတွေလို လက်ခေါက်နဲ့ ခေါက်တာ မဟုတ်ဘဲ လက်ချောင်းထိပ်ဖျားလေးတွေနဲ့ တံခါးအပေါ်မှာ ကြွက်ဖြတ်ပေးတဲ့ အသံမျိုး တံခါးကို တောက်တာမို့ သူ့တံခါးခေါက်သံက သူများတွေနဲ့ မတူ။ မြန်မာပြည်မှာဆိုရင်တော့ ရဲစခန်းတို့၊ ဆေးရုံတို့မှာ လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ အဲဒီလို ခေါက်တဲ့လူတွေ အတော် အဟောက်ခံရ၏။
အနီးအနားက မြန်မာမိသားစု တချို့ရဲ့ ကလေးတွေ အိမ်ကို လာလည်တာဆိုရင်တော့ တံခါးခေါက်သံက မိုးချုန်းသည့်အလားပင်…။ သူတို့ လက်သီးဆုပ်ကလေးတွေနဲ့ တဒုန်းဒုန်း ထုတဲ့အပြင်ကို အပြင်ကနေ `ဦးဦး၊ တံခါးဖွင့်´ လို့ အော်သံ သဲ့သဲ့ကိုပါ ကြားနိုင်သေးသည်။ အဲဒီ မောင်မင်းကြီးသားလေးများကတော့ သူ အကြောက်ရဆုံး…။ တံခါးမဖွင့်မချင်း တံခါးကို အားရပါးရထုသေးတဲ့အပြင် တံခါးဖွင့်ပေးလိုက်ရင်လဲ တီဗွီရှေ့မှာ တချို့ထိုင်၊ တချို့ကတော့ သူ့ကွန်ပျူတာကို ပြဿနာရှာလေတော့၏။ ခပ်တည်တည်နဲ့ စာထိုင်ရေးဖို့တော့ မကြံစည်လေနှင့်…။ `ဦးဦး…၊ သားဂိမ်းကစားမယ်လေ´ ဆိုပြီး ကွန်ပျူတာကို အာဏာသိမ်းပြီသာမှတ်…။
ဒီနိုင်ငံက တခြားသော လူမျိုးခြား တစ်ယောက်ယောက် လာခေါက်တဲ့ အသံကိုတော့ သူက `ကိန်းကြီးခန်းကြီး တံခါးခေါက်သံ´ လို့ ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်၏။ သူတို့ကတော့ တံခါးကို အသံခပ်ကျယ်ကျယ်နဲ့ ခပ်ပြင်းပြင်းလေး သုံးလေးငါးချက် ကို နှစ်ခါလောက် ခေါက်လို့မှ တံခါးမဖွင့်ပေးရင်တော့ နောက်ကြောင်း ပြန်လှည့်သွားကြပြီ။ လာခေါက်လေ့ရှိတာကတော့ များသောအားဖြင့် ဖုန်း၊ ခရက်ဒစ်ကဒ်၊ သတင်းစာ၊ ကေဘယ်လ်လိုင်း ကြော်ငြာသမားတွေနဲ့ တခါတလေမှာ လာတတ်လေ့ရှိတဲ့ သူ့ စပွန်ဆာ…။
***
အခုတံခါးခေါက်သံကတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ မခန့်မှန်းတတ်…။ ဒါပေမယ့် တော်တော်တော့ အားမနာလျှာမကျိုး နိုင်လွန်းတဲ့ တံခါးခေါက်သံဟု ထင်မိ၏။ ပိုင်စိုးပိုင်နင်းကလဲ နိုင်သေး…။ တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်…၊ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်…။ ခဏငြိမ်သွားလိုက်…၊ နည်းနည်းလေး ကြာရင် ပြန်ခေါက်လိုက်နဲ့…။
သာမန်အချိန်ထက် အဆပေါင်းတစ်ရာလောက် လေးလံနေသလို ခံစားရတဲ့ ဦးခေါင်းက ဘယ်လိုမှ မထူချင်သေးတာမို့ ဘေးနားက ခေါင်းအုံးကို နားနားကပ်အောင် ဆွဲယူပြီး ပြန်အိပ်ပစ်လိုက်သည်။ တော်တော်ကြီးကြာမှ တံခါးခေါက်သံက ငြိမ်သွား၏။
`ပြန်သွားပြီထင်တယ်၊ ပြန်လဲ အေးတာပဲ၊ ဘယ့်နှယ်ကွာ၊ ဒီမှာအိပ်နေမလား ဘာလားတောင် မတွေးဘူး၊ မနက်အစောကြီး တံခါးလာခေါက်ရတယ်လို့´
ဘာပဲဖြစ်ဖြစ် စပ်စုချင်စိတ်ကလဲ ရှိသေးတာမို့ အိပ်ရာကနေ ကြုံးရုန်းထ..၊ ခြေကို အသာလေး ဖွဖွနင်းပြီး တံခါးရဲ့ ချောင်းကြည့်ပေါက်ကတဆင့် အပြင်ကို ချောင်းလိုက်တော့ ဘယ်သူမှ မရှိ…။ `ကောင်းတယ်´ လို့ စိတ်ထဲမှာ အားရပါးရတွေးပစ်လိုက်၏။ ဒါပေမယ့် ပြန်အိပ်လို့တော့ ဘယ်လိုမှ မရတော့…။ နာရီကို ကြည့်လိုက်တော့ မနက်ကိုးနာရီသာသာ…။
ဒီလိုနဲ့ပဲ အိပ်ရာထ၊ မျက်နှာသစ်၊ အစာစား၊ အပြင်ထွက်…။
***
စနေနေ့ ညနေ…။
တီဗွီ အစီအစဉ်က ကောင်းနေတာနဲ့ ဇိမ်ကျနေတုန်း မနက်ကလို တံခါးခေါက်သံက ထပ်ပေါ်လာပြန်သည်။
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ကလစ်…ကလစ်´
တံခါး ခေါက်ပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို ပိုင်စိုးပိုင်နင်း ဆွဲလှည့်နေတာကို လူက တော်တော် အူယားလာသည်။
`ဘယ်သူမို့လို့ ဒီလောက်တောင်…၊ ကဲ… ဒီလောက်တောင် ဖြစ်လှတာ သိကြသေးတာပေါ့ကွာ´
ခပ်တိုတို ဖြစ်ချင်လာတဲ့ စိတ်ကြောင့် ချောင်းကြည့်ပေါက်ကနေတောင် အရင်ဆုံး မကြည့်အားတော့ဘဲ တံခါးကို အလျင်စလို ဆွဲဖွင့်ပစ်လိုက်၏။ တံခါးဝမှာ ရပ်နေတာက…
`ဟင်…အမိုး´
လက်ထဲမှာ လက်နှစ်လုံးသာသာလောက် ငါးအကင်လေးတွေထည့်ထားတဲ့ ပန်းကန်ပြားလေး တစ်ချပ်နဲ့ အမိုးက သူ့ကို တွေ့တော့ အမိုးအပေါ် စီးမိုးနေတဲ့ သူ့အရပ်ကြီးကို မော့ကြည့်ပြီး ပြုံးပြသည်။ ပြီးတော့…
`ဖိုးခွား၊ နေကောင်းရဲ့လား´
`ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အမိုး ဘာလိုလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ အမိုး´ (စိတ်ထဲမှာ အမိုးတယောက် တစ်ခုခု လိုအပ်လို့ လာတာလို့ ထင်နေတုန်း)
`ဘာမှ မလိုပါဘူး၊ အမိုးညက အိပ်မက်သိပ်မကောင်းလို့ ဖိုးခွားတယောက် နေလို့မှ ကောင်းရဲ့လား မသိဘူး ဆိုပြီး လာကြည့်တာ´
သူ ခေတ္တခဏတော့ ဆွံ့အသွား၏။ နှုတ်က အာစေးထည့်ထားသလိုလို ဘာစကားမှ မထွက်နိုင်သေးခင်မှာပဲ အမိုးက ဆက်ပြီး…
`မနက်ကလဲ အမိုးလာသေးတယ်၊ ဖိုးခွားအိပ်ပျော်နေတာလား၊ တံခါးဖွင့်မပေးတာနဲ့ စိတ်ပူပြီး ပြန်သွားရတယ်´
`ဟုတ်…၊ ဟုတ်ကဲ့´
`ဒီငါးတွေက အဘိုးသွားမျှားထားတာလေ´
ထမင်းစားပွဲပေါ်မှာ ငါးကင် ပန်းကန်လေးကို သွားတင်ရင်း ပြောနေတဲ့ အမိုးကို သူ အကြောင်သားဖြင့် လိုက်ငေးနေမိ၏။
`ကဲ…၊ ပြန်မယ်နော်၊ နေကောင်းတယ်ဆို အမိုး စိတ်ပျော်ပြီ´
တုံးတိတိသာ ပြောသွားပေမယ့် စကားထဲက မေတ္တာတရားတွေက ခွင့်လွှတ်နားလည်ခြင်း များစွာကို ကိုယ်စားပြုဖို့ သူ့အခန်းထဲတွင် အမိုးချန်ထားခဲ့၏။
***
စနေနေ့ည…။
တံခါးခေါက်သံ ခွဲခြားသူ စပယ်ရှယ်လစ် လို့ ကိုယ့်ကိုယ်ကို ထင်ထားသူ လူတယောက်ကို သူ့အိမ်တံခါးက လှောင်ပြုံးပြုံးပြီး ကြည့်နေလေ၏။
ကလိုစေးထူး
တာဝန်
ကျွန်မတို့ပတ်ဝန်းကျင်မှာ လူအမျိုးမျိုးကိုတွေ့မြင်နေရပါတယ်။ ဘ၀မှာ အောင်မြင် နေတဲ့သူတွေရော ၊ မအောင်မြင်တဲ့သူတွေရော ၊ လောကဓံ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘ၀မှာနိမ့်ချည် ၊ မြင့်ချည်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကိုရောပေါ့။
အောင်မြင်မှုကိုရရှိနေတဲ့ ၊ အောင်မြင်နေတဲ့သူတွေအကုန်လုံးဟာ သူတို့တွေ တစ်ခုခုကို လိုချင်ရင် လုပ်သင့်တဲ့ လိုအပ်တဲ့အရာမှန်သမျှကိုလုပ်ရမယ်ဆိုတာကို နားလည် သဘောပေါက်ထားကြသူများ ဖြစ်ပါတယ်။ဒီအလုပ်ကိုလုပ်ရင် ဘာဖြစ်လာမယ်။ မလုပ်ရင်ဘာဖြစ်လာမယ်ဆိုတာကို ကောင်းစွာသဘောပေါက်ထားကြသူများဖြစ်ပါတယ်။
ကိုယ်လုပ်လိုက်တဲ့အလုပ်ကြောင့် အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မျှော်မှန်း တွက်ဆထားနိုင်ကြသူများဟာ ဘ၀မှာအောင်မြင်သူများဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူသားတို့သဘာဝအရ သူတစ်ပါးအောင်မြင်ရင် ဒါ သူကံကောင်းလို့ ။ ကိုယ်က မအောင်မြင်တဲ့အခါမှာ သူတစ်ပါးအမှားကြောင့် ကိုယ်မအောင်မြင်ရတာ ဆိုပြီး ပြောဆို နေတတ်ကြပါတယ်။ တကယ်တော့ လူသားဘ၀မှာ အကြောင်းကြောင့် အကျိုးဖြစ်လာ ရတာချည်းပါပဲ။
လူတစ်ဦးဟာရင့်ကျက်ပြီး သက်ရောက်မှုတိုင်းကို ကောင်းမွန်စွာ တုန့်ပြန် နိုင်တဲ့ အရည် အသွေးရှိတယ် ဆိုရင် ဘ၀မှာအဆင်ပြေပြေနေထိုင်နိုင်တာပါပဲ။ ဒါ့အပြင် ကျွန်မတို့ တစ်ဦးချင်းစီမှာ ဘာတွေတာဝန်ရှိသလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း မှာနေလို့ ထိုင်လို့ကောင်းပါတယ်။ဒါဆိုရင် ဘာတွေတာဝန်ရှိပါသလဲ။ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထားအတွက် ကျွန်မတို့မှာပဲတာဝန်ရှိပါတယ်။
သိပ်ကိုဆိုးရွားလွန်းတဲ့အခြေအနေတွေမှာတောင် ကျွန်မတို့ရဲ့ စိတ်ကို ထိန်းချုပ် ထားနိုင်မယ် ဆိုရင် လူထဲမှာအဆင်ပြေတာပါပဲ။ ဥပမာ ကားမောင်းသွားရင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် အလုပ်ချိန်မမီမှာစိုးတဲ့အတွက် ကိုယ့်ကားအရှေ့မှာပိတ်နေတဲ့ ကားတွေကို ဟွန်း အဆက် မပြတ်တီးတာမျိုး ၊ အော်ဟစ်မယ် ဆိုတာမျိုးကို သင်လုပ်မလား။ ဒါမှမဟုတ် ကားလမ်း ရှင်းအောင်စောင့်ရင်း အေးအေးဆေးဆေး ကားထဲမှာ သီချင်း နားထောင်ရင်း အခြား သူများ ဘာတွေလုပ်နေကြတယ် ဘယ်လိုပြုမူနေကြတယ်ဆိုတာကို ကြည့်မလား။ ကြိုက်ရာကိုရွေးလို့ရပါတယ်။ မိမိသဘောပါပဲ။ ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွက်ရရှိလာမယ့်အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာပါပဲ။ ကိုယ့်ကားရဲ့အရှေ့မှာ ပိတ်နေ တဲ့ကားတွေကိုစိတ်ဆိုးပြီး အော်ဟစ်မယ် ။
စိတ်တို ဒေါသထွက်မယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို အနည်းငယ် ထိခိုက်နိုင်ပြီး စိတ်ဆိုး စိတ်တို လွယ်တဲ့ အလေ့အကျင့်ဖြစ်လာမှာပါပဲ။ အဲဒီတော့ ကျွန်မတို့ရဲ့ စိတ်နေစိတ်ထား အတွက် တာဝန် အရှိဆုံးက မိမိကိုယ်တိုင်သာပါပဲ။
လူဆိုတာရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ရွေးချယ်မှုအတွက် ကိုယ့်မှာသာ တာဝန်ရှိပါတယ်။ နောက်တစ်ခါ ကျွန်မတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေအားလုံးအတွက်လည်း ကျွန်မတို့ ကိုယ်တိုင်မှာ သာတာဝန်ရှိနေပြန်ပါတယ်။ တစ်ခုခုမကောင်းတာဖြစ်လာခဲ့ရင် အဲဒါဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဘယ်သူ့မှာတာဝန်ရှိတယ် ၊ ဘယ်သူ မကောင်းလို့ဖြစ်ရတာ စသည်ဖြင့်အပြစ်တင်ပြောဆိုနေကြပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်မှာသာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူ ဘယ်ဝါ့ကြောင့်ရယ်လို့ သူတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ နေမယ့်အစား မိမိကိုယ်တိုင်ကရော ဘယ်လောက်ကောင်းနေသလဲ ပြန်ကြည့်ဖို့လိုပါတယ်။ မိမိကိုမိမိ ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။
လူတွေဟာတစ်ဦးချင်းစီမှာ တာဝန်သိစိတ်ရှိမယ်ဆိုရင် လူတစ်ဦးချင်းစီပေါင်းစုဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာလည်း တာဝန်သိစိတ်တွေနဲ့အတူ လူ့ဘောင်လောက ကြီး တိုးတက် သာယာလာမှာပါပဲ။ ကမ္ဘာကြီးတစ်ဘက်မှာ အငြိုးအတေးအဃာတတွေကြောင့် စစ်ပွဲတွေဖြစ်ပွားနေကြတာ ကိုယ့်ကိုသူကဘယ်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ်။ သူကအဲသည်လိုလုပ်လို့ ကိုယ်ကပြန်လုပ်တယ် စသည်ဖြင့် ကလဲ့စားချေခြင်း၊ အငြိုးအတေးအ ဃာတကြီးမား နေခြင်းများနှင့်အတူ အပြစ်ဖွဲ့ပုံခြင်းများကြောင့် မငြိမ်းအေးနိုင်ကြဘဲ ပြဿနာများတစ်စတစ်စ ပိုလို့ကြီးထွားလာကြပါတယ်။
ကမ္ဘာလောကကြီးသာယာငြိမ်းအေးဖို့ရာ လူတစ်ဦးချင်းစီမှာ ၊ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုမေ့လျော့နေကြပြီး ကလဲ့စားချေလိုမှု နဲ့ အာဃာတ တွေကိုသာရှေ့တန်းတင်နေကြခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမျိုးရေး ၊ ဘာသာရေး အငြင်းပွားမှုများနဲ့ စတင်လိုက်တဲ့ စစ်ပွဲတွေဟာ ယနေ့အချိန်ထိကိုမပြီးဆုံးနိုင်ကြသေးပါဘူး။
ဒီလိုမျိုးအဖြစ်တွေဆက်လက်ဖြစ်နေတာဟာ ဘယ်သူဘယ်ဝါ့ကြောင့်ရယ်လို့ တစ်ဦးကိုတစ်ဦးလက်ညှိုးထိုးအပြစ်ပုံဖွဲ့နေကြခြင်းကြောင့်ဖြစ်ပါတယ်။ မည်သူမည်ဝါကြောင့်ရယ်လို့ အပြစ်မဖွဲ့ဘဲ လူတစ်ဦးချင်းစီမှာ သစ္စာစောင့်သိစိတ်၊ တာဝန်ယူလိုစိတ်များသာရှိမယ်ဆိုရင် သာယာအေးချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာမလွဲမသွေပါပဲ။
ဟနစံ
ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ
ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။
ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။
မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ
အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊
ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။
ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊
အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်
ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို
ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။
လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။
ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို
တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ
ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက
တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။
လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်
လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်
မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ
ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော
မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို
ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ
ခက်ခဲလှပါသည်။
မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။
မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။
စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။
ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။
သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်
အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး
ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။
ယခုဆိုလျှင် လူတိုင်းသည် ပို၍ပင် သက္ခာကင်းမဲ့သော လုပ်ရပ်များကို
ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။ ဘုရားဟောသော
အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း
များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို
မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု
ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော
ဆန္ဒများကို သက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။
မောင်စေတနာ
ငရဲကြီးတယ်ဆိုတာ... (Third Edition)
ယနေ့ခေတ်ဟာ အိုင်တီခေတ် ၊ နည်းပညာခေတ် ဟုပြောနေကြသည့်အတိုင်း သိပ္ပံ ပညာ ၊ စက်မှုလက်မှုနည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်း ပင်ဖြစ် ပါတယ်။ ထိုတိုးတက်နေသော ၊ အသစ်အသစ်သော နည်းပညာများနောက်သို့ အမီလိုက်နိုင်ကြသူအများစုမှာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ခေတ်လူငယ်များသည် လူကြီးများထက် ကွန်ပျုတာ နည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တက်စရာ သင်တန်းတွေ ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင် ၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ် ၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီ ဆိုတာ နဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက် ၊ ကွန်ပျုတာ ၊ စာရင်းကိုင်သင်တန်းတွေတက် နဲ့ ဘ၀တိုးတက်မှု ကိုရှာဖွေနေကြပါတယ်။ သင်တန်းဆင်းလက်မှတ်ရပြီးရင် အလုပ်ရှာ ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ဖြစ်နေကြပါပြီ။
အသက်ငယ်ငယ်လေးတွေနဲ့ ကိုယ့်ဝင်ငွေလစာ လေးတွေနဲ့ဖြစ်နေကြတာ ချီးကျုးစရာပါပဲ။ မိသားစု တာဝန်ကို ၀င်ထမ်းကြတာ သိတတ်ကြတာ အင်မတန် ကိုကောင်းပါတယ်။ မိဘ များအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္မဏီ ကြီး မှာ ပေါ့။ ကျွန်မ သားက ကွန်ပျုတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေ နဲ့ ပြောရတာ အင်မတန်ကိုဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင် ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက်မျှော် စောင့် တဲ့ မိဘ ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေ ကိုမောသလားလို့မေးရင် မမောဘူးပဲဖြေကြမှာပါ။ သား ပညာတတ်ကြီး ၊ သမီးပညာတတ်ကြီးတွေအတွက်ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေါ့။ လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန် တွေထမ်းဆောင် ၊ ပညာအကြီးကြီးတွေတတ်နေလေတော့ မာန်လေး နည်းနည်း ရှိလာပြီလေ။ လူငယ်မာန နဲ့ ငါ ဆိုတာလေးတွေဖြစ်လာကြပြီ။ မိဘ က ငယ်စဉ် ကတည်းကကျွေးမွေးပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုဖြစ်နေတာကို မေ့တေ့တေ့ဖြစ်နေကြပြီ။ ငါ တော်လို့ ၊ ငါတတ်လို့ ဆိုပြီး လက်မလေး တွေ ထောင်ချင်နေကြပြီလေ။ အလုပ်ကပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘ ကိုစကားကောင်းကောင်းမပြောချင်တော့ဘူး။ အမေ ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘ ဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ် ၊ ဘယ်လာမယ် သိချင် ၊ စိတ်ပူတာပေါ့။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့
ပြင်ဆင်နေတဲ့ သမီး ၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။ များသောအားဖြင့် အသက်၂၀ကျော်လူငယ်လေးတွေဟာ အဖေ နဲ့ အဆင်မပြေဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီး မို့ အားလုံးကရိုသေ ပြီးနေကြတာမှာ အဖေ က ပင်စင် စားဖြစ်တဲ့အချိန် ၊ သား သမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေး တွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တော့တဲ့အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ၀င်ပါနေတယ် လို့ ထင်ကြပြန်ရော။
အလုပ်ထဲမှာလည်း အနည်းနဲ့ အများဆိုသလို စိတ်တင်းကြပ်မှုလေးတွေ ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘ နဲ့စကားပြောရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာကကြောက်ရမယ့်သူတွေ ၊ အထက်လူကြီးတွေ ၊ စီနီယာတွေ နဲ့မို့ ဒေါသ ကိုထိန်းချုပ်ထားရတာတွေ အိမ်ပြန် ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘ နဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေါ့။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူး လို့ မြင်ကြပြီး မိဘတွေဘက်ကကျတော့လည်း ကလေးတွေ့က ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီ လို့ ထင်ကြတယ်။ နောက်တစ်ခု က လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ် ။ ဒါပေမယ့် ကြိုးစား သ လောက်အရာမရောက်ဘူး။ အချိန်မတိုင်သေးလို့ မဖြစ်သေးတာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘ၀ တိုးတက်ရေးလမ်းရှာဖွေနေတဲ့သူတွေ။ ရည်မှန်းချက်ကြီး ၊ မျှော်လင့်ချက်ကြီးကြီး နဲ့ ကြိုးစားပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်းရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘ နဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲပြောလိုက် ပြောလိုက်အကောင်းကိုမမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ။
လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘ၀က သေလွန်တဲ့အခါမှာ အ၀ီစိ ငရဲကိုကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘ ကို မချေမငံပြန်ပြောမိတာလေးတွေ ၊ အမေ ကလည်းဗျာ ရှုပ်လိုက်တာ ။ အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး ကိုယ်ဖြစ်လိုရာ ဆန္ဒ္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲ သွားတာမျိုး၊ စိတ်ခု သွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘ၀မှာ ဘာတွေပဲ လုပ်လုပ် ကိုယ်မှန်းသလောက်အဆင်မပြေပါဘူး။ မယုံဘူး ဆိုရင် အောင်မြင်နေတဲ့ လူငယ်လေးတွေ ကိုလှမ်းကြည့်လိုက်ပါ။ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ ပြီး မိဘ စကားနားထောင်တဲ့ လူငယ်လေးတွေသာပဲ အောင်မြင်မှု ကိုကြာ ရှည် ထိန်းထားနိုင်ပြီး ဘယ်တော့မှ အမှားမတွေ့ ၊ အခက်အခဲကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘ နဲ့ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မ ကိုယ်တိုင်လည်း အသက်
၂၃ နှစ် အရွယ်တုန်းက မိဘ ကိုမောက်မာခဲ့မိတာ ။ နောက်ဘာမှအဆင်မပြေဖြစ်တော့ မှ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစကားတွေ ၊ တရားတွေ နားထောင်ပြီး မိဘ ကို ပြန်လည်တောင်းပန် ရှိခိုး ပြီး ခွင့်လွှတ်ပါတယ် ဆိုတဲ့ အမေ့ရဲ့ စကားကြားရအပြီးမှာမှ ဘ၀ မှာ ပြန်လည်အဆင်ပြေလာတဲ့သူလေ။ အဲသည်နောက် ဘ၀ တစ်လျှောက်လုံးဘယ်တော့မှ မိဘ ကို မလွန်ဆန်တော့ဘူးလေ။ ကောင်းကောင်းကြီးကိုနောင်တရပြီး မိဘ ကျေးဇူး မိဘ တန်ဖိုးကို သိမြင်လာပြီလေ။ ကိုယ်က ပညာတတ်နေတာ က မိဘ က ငယ်စဉ်က ကျောင်း ထားပေးခဲ့လို့ပေါ့။ မိဘ ကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊အထက်တန်းအောင် ပြီး ဘွဲ့ရ ပညာတတ်ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား ။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကိုမေ့ပြီး ငါတော် လို့ ၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို မျိုးရာထူး အလုပ်မျိုးရတာ ဆိုပြီး လက်မထောင်ချင်တဲ့လူငယ်လေးတွေ စဉ်းစားစေချင်ပါတယ်။
မိဘကိုစိတ်ချမ်းသာစေတဲ့ သားသမီး မျိးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေကြတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော ၊ စိတ်ရောပါ။ မယုံဘူး ဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေးတွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင်လျက် ငရဲကျ မခံချင်ကြပါနဲ့ ။ ဟနစံ
UMDH ဖြင့် မှတ်ဥာဏ် ယိုပေါက်များကို ရှာဖွေခြင်း
Pointer Arithmetic အသုံးပြုသော အစီအစဉ် (Program) များကို ရေးသားရာတွင် ဖြစ်တတ်သော ပြဿနာတစ်ရပ်မှာ ရယူထားသော မှတ်ဥာဏ် (memory) နေရာ (space) များကို ပြန်လည်စွန့်လွှတ်ခြင်း (deallocation) မပြုမိသည့်အခါ အပုံ (heap) ထဲတွင် မှတ်ဥာဏ်နေရာလွတ် ကုန်ခမ်း သွားတတ်ခြင်းပင် ဖြစ်သည်။
အထူးသဖြင့် အမှိုက်သိမ်းစနစ် (Garbage Collection System) မပါရှိသည့် C/C++ ကဲ့သို့သော ဘာသာစကားများတွင် အဆိုပါ ပြဿနာသည် ကောက်ရိုးပုံ အပ်ပျောက်သလို ရှာရခက်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။ Windows NT Platform (Windows NT, Windows 2000, Windows XP and Windows Vista) တွင် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရန်အတွက် UMDH ဟုခေါ်သော အစီအစဉ်တစ်ခုကို Microsoft မှ အခမဲ့ ဖြန့်ဖြူးပေးထားရာ ယခုဆောင်းပါးငယ်တွင် အဆိုပါ အစီအစဉ်ကို အသုံးပြုပုံ အဆင့်ဆင့်ကို ရေးသားရှင်းလင်းမည် ဖြစ်ပါသည်။
UMDH သည် Debugging Tools for Windows package တွင်ပါဝင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ၄င်းကို အသုံးပြုရန်အတွက် အဆိုပါ package ကို အရင်ဆုံး download လုပ်ရမည်ဖြစ်သည်။ မိမိ အသုံးပြုမည့် စနစ်နှင့် ကိုက်ညီရာကို ရွေးချယ်ရန် သတိပြုပါ။
ထို့နောက်တွင် Windows Symbol Package ကို download လုပ်ရယူရမည်ဖြစ်သည်။ Symbol Package ကို ရွေးချယ်ရာတွင် မိမိ debug လုပ်မည့် အစီအစဉ်ကို အသုံးပြုမည့် စက်မောင်းနှင်စနစ် (Operating Systems) နှင့်ကိုက်ညီရာကို ရွေးချယ်ရမည်ဖြစ်သည်။ (စက်တလုံးတည်းတွင် debug လုပ်မည်ဆိုပါက အဆိုပါစက်၏ မောင်းနှင်စနစ်ကိုသာ ရွေးပါ။)
အထက်ပါ အပျော့ထည်များကို ထည့်သွင်းပြီးပါက သင်၏ စက်မောင်းနှင်စနစ်ကို debug mode ဖြင့် စနှိုး (boot) ပါ။ Windows XP Professional တွင် My Computer ကို ညာကလစ်ဖြင့် နှိပ်ပါ။ Properties ကိုရွေးပါ။ Advanced tab ကို သွားပါ။ Startup and Recovery Setting ကို နှိပ်ပါ။ Edit ကို နှိပ်ပါ။ သင်၏ စက်မောင်းနှင်စနစ် စာကြောင်း ဘေးတွင် "/debug" ဟုဖြည့်သွင်းပါ။ (ဥပမာ …\WINDOWS="Microsoft Windows XP Professional" /fastdetect /debug အချို့ကမူ ထိုစာကြောင်းကို ၂ ကြောင်းကူးပြီး တစ်ခုတွင် "/debug" ဟု ထည့်သွင်းတတ်သည်။)
ထို့နောက် System Path Variable ကို UMDH (နှင့် Debugging Tools for Windows) ထည့်သွင်းထားသော လမ်းညွှန် (Directory) သို့ ပြောင်းပေးပါ။ My Computer ကို ညာကလစ်နှိပ်ပြီး Properties ကိုရွေးပါ။ Advanced tab ကိုသွားပါ (အထက်ပါအတိုင်းတူတူပင်ဖြစ်သည်။) Environment Variables ကို နှိပ်ပါ။ System variables မှ path ကိုရှာပြီး UMDH ရှိရာ လမ်းညွှန်ကို ဆီမီး ၉ လုံး (semi-colon) ခံပြီး နောက်ဆုံးတွင် ထည့်သွင်းပါ။ အားလုံးကို အိုကေနှိပ်ပါ။ စက်ကို restart လုပ်ပါ။
စက်ပြန်တက်လာလျှင် _NT_SYMBOL_PATH ဟုခေါ်သော Environment Variable ကို သင် Symbol ထည့်သွင်းထားခဲ့သော လမ်းညွှန်သို့ ပြောင်းပေးရမည်ဖြစ်သည်။ set_NT_SYMBOL_PATH=SRV*c:\Windows\Symbols ဟု အမိန့်ပေးပါ။
(Symbol များကို အခြား လမ်းညွှန်သို့ ထည့်သွင်းမိလျှင် c:\Windows\Symbols အစား အဆိုပါလမ်းညွှန်၏ လမ်းကြောင်းကို ဖြည့်သွင်းပါ။)
သင့် အစီအစဉ်အတွက် gflags ကို ချိန်ပေးရန်အတွက် "gflags /i yourprogram.exe +ust" ဟု အမိန့်ပေးပါ။ UMDH သုံးစွဲရန် အသင့်ဖြစ်ပါပြီ။
သင်၏ အစီအစဉ်ကို မှတ်ဥာဏ်ယိုပေါက် (memory leakage) မဖြစ်ခင် အနေအထားတွင် ရပ်တန့်စေ၍ (breakpoint ပေးလိုက်လျှင် အလွယ်ဆုံးဖြစ်သည်) umdh –p: -f: -g ဟု အမိန့်ပေးပါ။ (Process Id ကို သိရန်အတွက် tlist ဟု အမိန့်ပေး၍ ကြည့်ရှုနိုင်ပါသည်။)
ထို့နောက်တွင် မှတ်ဥာဏ်ယိုပေါက် အပြီးလောက်ဟု ထင်သော နေရာသို့ ရောက်သည်အထိ ဆက်လက်လုပ်ဆောင်စေပါ။ umdh –p: -f: -g ဟု ထပ်မံအမိန့်ပေးပါ။
ယခု သင်၏ အစီအစဉ်ရှိ မှတ်ဥာဏ်ယိုပေါက်မတိုင်မီနှင့် မှတ်ဥာဏ်ယိုပေါက်အပြီး မှတ်ဥာဏ်အသုံးချမှုဆိုင်ရာ အချက်အလက်များ logfile1 နှင့် logfile2 တို့တွင် သိမ်းဆည်းပြီး တည်ရှိနေပါပြီ။ အဆိုပါ file များကို နှိုင်းယှဉ်ကြည့်ရှုရန်အတွက် umdh –d –v –l ဟု နှိပ်ပါက အဆိုပါ အစီအစဉ် နေရာ ၂ ခုကြား ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည့် မှတ်ဥာဏ်နေရာများကို တွေ့ရှိရပါလိမ့်မည်။
("> " ဟု အမိန့်နောက်တွင် ဖြည့်သွင်းပြီးမှ အမိန့်ပေးလျှင် ဖန်သားပြင်ပေါ်တွင် ပေါ်လာမည့် အဖြေများကို အဆိုပါ text_file_path တွင် ရေးသားပေးပါသည်။)
ဥပမာ
+ 4132 ( 4132 - 0) 1 allocs BackTraceD3
+ 1 ( 1 - 0) BackTraceD3 allocations
(blar blar blar)
MSVCR80D!fprintf+0000029C (f:\rtm\vctools\crt_bld\self_x86\crt\src\fprintf.c, 70)
YourProject!leakyFunction+000005EB (d:\leaky.cpp, 325)
(blar blar blar)
kernel32!RegisterWaitForInputIdle+00000049ဟုတွေ့ရှိရပါက မှတ်ဥာဏ် မှတ်တမ်း ၂ ခုအကြားတွင် leakyFunction (leaky.cpp မှ လိုင်းအမှတ် ၃၂၅) မှ မှတ်ဥာဏ် ၄၁၃၂ ဘိုက်ရယူထားပြီး ပြန်မစွန့်လွှတ်ရသေးသည်ကို တွေ့ရှိရပါလိမ့်မည်။
အထက်ပါ အကြောင်းအရာများကို Intel® Core™2 Duo E6550 @2.33 GHz, DDR 2 1GB x 4, Microsoft Windows XP Professional Service Pack 2 တပ်ဆင်ထားသော ၃၂ ဘစ် စက်တွင်သာ စမ်းသပ်ထားပြီး ဖြစ်ပြီး ရေးသားချိန်တွင် တတ်နိုင်သလောက် တိကျ မှန်ကန်စေရန် ကြိုးစားထားသော်လည်း post ပါ အကြောင်းအရာများ၏ မှန်ကန်တိကျ မှီခိုနိုင်စွမ်းကို အာမမခံပါ။ သုံးစွဲခြင်းကြောင့် တစုံတရာ နစ်နာဆုံးရှုံးမှု ဖြစ်ပွားလာပါက သုံးစွဲသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
လောရှည်
ကျန်း မာ ရေး နှင့် ပတ် သက် ၍ ဆင် ခြင် ရန် အ ကြောင်း များ
လူတိုင်းကြားဖူးကြသည်။ မြန်မာတိုင်းရင်းဆေးသောက်၍ပျောက်သည်လည်း ရှိသည်။ အနောက်တိုင်းဆေးသောက်၍သက်သာ လျော့ပါးသွားသည် လည်းရှိသည်။ ပြာ၊ မိဘဘိုးဘွားတို့၏ ရေမန်းများနှင့် အဆောင်ပစ္စည်းများသုံး၍ ကုသပျောက်ကင်းသွားသည်လည်းရှိသည်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ဘ၀မှာအဖိုးတန် အမြုတေပါ ဟု ပြောသူများလည်းရှိသည်။ကျန်းမာရေးကို တန်ဖိုးမထား၊ပေါ့ပေါ့ တန်တန် ဖြစ်သလို နေသူများလည်း ရှိကြသည်။ မည်သို့ ဆိုစေ ကျန်းမာခြင်းနှင့် ပတ်သက်သော ဆင်ခြင်ရန် အကြောင်းများကိုတစ်တို တစ်ထွာ တို့ကြည့် မိသည်။
သာမန်အားဖြ၀့် ကျန်းမာရေး(Heath )ဟုပြောလျှင် အနာရောဂါ ဘယ ထူပြောမှူ၊ မနာမကျန်းဖြစ်မှူ ( Illness)နှင့် ဆက်စပ်ယူဆကုန်ကြသည်။ တစ်ဆင့်တက်၍ စိတ်ရောကိုယ်ပါချမ်းသာ ပြည့်စုံမှုဟု ဆင်ခြင်မိကြသည်။ အမှန်စစ်အဆိုပါကျန်းမာရေးခံယူအသိများ မလွဲမှားပါ။သို့သော် အပြည့်အစုံ အလုံးစုံမှန်ကန်သည်ဟု လည်း မသတ်မှတ်နိုင်ပါ။
ဤ (၂၁)ရာစုအတွင်း အာရောဂျံ ကျန်းမာရေးဆိုင်ရာ အယူအဆ သဘောတရားများ နက်ရှိုင်းကျယ်ပြန့်စွာ ထွန်းကားလာကြောင်းအသိအမှတ်ပြု လက်ခံသင့်သည်(သို့) သုံးသပ် ဆင်ခြင်သင့်သည်။
အနောက်တိုင်းဆေးပညာသည် ကျန်းမာရေးနှင့်အဓိက သက်ဆိုင် သည်ဟုဆိုလျှင် ဆေးပညာ၏ကျန်းမာခြင်းနှင့် နာဖျားခြင်းဆိုင်ရာဖွင့်ဆို ရှင်းပြမှု့များကို သိမြင်နားလည်သင့်သည်။သမိုင်းစဉ်ကောက်ယူသော်(၁၇)ရာစုထိ တိုင်အောင် လူတို့သည်ရှင်ခြင်းနှင့်သေခြင်း၊ကျန်းမာခြင်း နှင့် ဖျားနာခြင်း ၊ အယူအဆများကို ယုံကြည်ခြင်း (faith)၊ အပြစ်(sins)၊နှင့် ကယ်တင်ခံရခြင်း(savation) များရောထွေးနေကြသည်။ ၊ဒဿနိက ဗေဒ ပညာရှင် Ren'e Descartes(၁၅၉၆-၁၆၅၀) ပေါ်ပေါက်လာမှသာလျှင် ဤရှုမြင်မှုများကို ရင်ဆိုင် စိန်ခေါ် နိုင်ခဲ့သည်။ ပြန်လည် စဉ်းစား တွေးခေါ် လာကြသည်။
Descartes ၏ အလိုအရ ဤကမ္ဘာပေါ်ရှိ အရာဝတ္တုများ (substances)တွင် စိတ် (mind) ရုပ်ဒြပ်(matter)အမျိုးအစား ၂မျိုးသာ ရှိ သည်၊ရုပ်ဒြပ် (သို့) ခန္ဓာကနေရာယူသည်။ စိတ်ကသိမှုသန့်သန့်မျှ ဖြစ်၍ နေရာ အာကာသ ( space) မယူ။ ၄င်း စိတ်နှင့်ရုပ် သည် သီးသန့်ကွဲပြား နိုင်သည်။ လူနှင့်သတ္တ၀ါတို့၌ စိတ်နှင့်ရုပ် နှစ်မျိုးစလုံး ရှိနိုင်သည်။ အခြား ရှင်သန်သော အရာဝတ္တု များတွင် ရုပ်တစ်ခုသာလျှင် ။ စိတ်မရှိဟု တင်ပြ ခဲ့ သည်။ ၄င်းတင်ပြ ချက်သည် ဆန့်ကျင်ဘက် နှစ်ခုပေါ်တွင် အခြေခံထားသော နားလည်သိမြင်မှု စနစ် (dualism) ကိုပေါ်ပေါက်စေခဲ့သည်။
Descartes၏အမြင်တွင် လူ့ကိုယ်ခန္ဓာသည် စက်ယန္တရားတစ်လုံး မျှသာ ဖြစ်ခဲ့သည်။ စက်ယန္တရား အစိတ်အပိုင်းအားလုံး သမ္မါယ မျှတ စွာ ချိတ်ဆက်ဆောင်ရွက် နိုင်လျှင် ယင်းစက်ယန္တရား ကောင်းမွန်သည်။ ဖောက် လွဲဖောက်ပြန် (misfunction) ဖြစ်ခဲ့သော်လည်း စက်ယန္တရား၏ အခြေအနေ ဆိုးရွားသည်။ ပုံပမာနှိုင်းသော် ဆရာဝန်နှင့် လူနာတချို့၏ ဆက်ဆံရေးအသွင်ပုံ သဏ္ဍာန်တမျိုးမျိုးတွင် တွေ့ရှိနိုင်သည်။ ဆရာဝန်များသည် လူနာ၏စိတ်ခံစားမှု၊ ပြောပြချက်(သို့) ချောင်းဆိုးကဲ့သို့သော လူနာ၏ပြင်ပလက္ခဏာများကို အသိ အမှတ်ပြုသော်လည်း ရောဂါဗေဒဆိုင်ရာ ရှာဖွေစမ်းသပ်မှုများကို ပြုလုပ်ရသည်။ ကိုယ်တိုင် စူးစမ်းအဖြေရှာသည်။ ယခုအခါ ဇီဝကမ္မပညာဆိုင်ရာ တိုးတက် ဖွံ့ဖြိုးမှုများကြောင့် လူနာ၏လွှမ်းမိုးမှု (သို့) ပါဝင်ပတ်သက်မှု ပယောဂမပါရှိဘဲ ရောဂါမှတ်တမ်းတင်ခြင်းကို ပြုလုပ် လာ နိုင်သည်။
သို့သော် ကျန်းမာခြင်းနှင့် နာဖျားခြင်းဘောင်ခွင်အတွင်းရှိ ပုဂ္ဂလဆိုင်ရာ ရွေးချယ်မှုများကို ဦးစားမပေး။ ဇီဝကမ္မဆိုင်ရာ ဖွဲ့စည်းပုံ အချက်အလက်များပေါ် ပိုမိုအလေးကဲ မဲတင်းလာကြသည်။ အမှန်စင်စစ် လူနာ၏ဆေးလိပ်သောက်ခြင်း၊ အရက်အလွန် အကျူးသောက်ခြင်း ကဲ့သို့သော ပုဂ္ဂလရွေးချယ်မှုများကို အကြွင်းမဲ့ငြင်းပယ်နိုင်စွမ်း မရှိကြပါ။
ဆေးပညာသိပ္ပံ၏ သီးသန့်ဖြစ်စဉ်အရ ကျန်းမာခြင်းနှင့် မနာမကျန်း ဖြစ်ခြင်းအပေါ် ရှုမြင်သုံးသပ်ထားပုံမှာ ဤသို့ဖြစ်သည်။
-စိတ်သည် ခန္ဓာကိုယ်နှင့် သီးသန့်ကွဲပြားခြားနားသည်။
-ခန္ဓာကိုယ်သည် အလွန်ရှုပ်ထွေးသော စက်ယန္တရားတစ်လုံးနှင့် ဆင်တူသည်။
-ဖျားနာခြင်းသည် ကိုယ်ခန္ဓာ၏ ဇီဝဗေဒပေါ်တွင် တည်ရှိသည်။
-သိပ္ပံနည်းကျ စုံစမ်းရှာဖွေခြင်းများမှ တဆင့် အောင်မြင်ရရှိထားသော နားလည်သိမြင်မှု(သို့)အသိပညာသည် ဆေးပညာသိပ္ပံဖြစ်သည်။
ကျန်းမာရေးနှင့်လူမှုဝန်းကျင်
ကျန်းမာရေးနှင့်ပတ်သက်၍ တခြားတစ်ဘက်မှ ဆင်ခြင်ရန် အကြောင်း တစ်ချက်မှာ လူသားတို့၏ ခြားနားကွဲပြားသော လူမှုစီးပွား
ပတ်ဝန်း ကျင်ဖြစ် သည်။ ကမ္ဘာ့လူဦးရေ(100)တွင် (50)ဦးသည် အာဟာရချို့တဲ့စွာ နေထိုင် နေရသည်။ လူ(80)သည် စံချိန်စံနှုန်းအောက်အိမ်မျိုးတွင် နေထိုင်ကြရသည်။ ကမ္ဘာ့ဥစ္စာဓန စုစုပေါင်း၏ ၅၉%ကိုလူ(၆)ဦးကသာ ပိုင်ဆိုင်ကြ သည်။
လူမှုသိပ္ပံအရ ကျန်းမာခြင်းနှင့် မကျန်းမာဖြစ်ခြင်း သည် ဇီဝဗေဒ ဆိုင်ရာ(သို့) လူမှု့ ရေးဆိုင်ရာသီးသန့်မျှ မဟုတ်၊ လူမှု့ရေးနှင့် ဇီဝဗေဒဆိုင်ရာ တုံ့ပြန်မှုများက ကျန်းမာရေးဆိုင်ရာ အကျိုးဆက်ရလဒ်များကို ထုတ်လုပ် ပေး သည်။ လူမှုရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ထားပုံများက လူ တစ်ဦး ၏ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံကိုပုံဖော်သည်။
လူအဖွဲ့အစည်း၏ စီးပွားရေးနှင့် ရုပ်ဝတ္တု သံယံဇာတ ရင်းမြစ်များ ပြန်လည် တည်ဆောက်ရန် လိုအပ်မှု့များကို အထူးအာရုံပြုနိုင်သည်။ သို့သော်လည်း ကျန်းမာရေးကုသ ၀န်ဆောင်မှုကဲ့သို့သော ဆေးပညာ၏အချက်အချာကို ရင်ဆိုင်စိန်ခေါ် ကျော်လွှားနိုင် ခြင်းမရှိ စသည်ဖြင့် ရှုမြင်သုံးသပ်ခဲ့သည်။
မြင်သိကြားအစဉ်အလာမဟုတ်သောအခြင်းအရာ(Alternatives)
၁၉၇၀ ခုနှစ်များအတွင်း လူသူလေးပါးအပြောများသော ကုထုံးများ ရေပန်း ကား ပေါ်ပေါက်လာပါသည်။၎င်း တို့တွင် ပါဝင်သော အပ်စိုက် ကုသခြင်း (Accupunture)နှင့် homeopathy ကုထုံးများသည် အမှန်တကယ် ဆန်းကြယ် လှသည်။
Homeopathy ဆေးပညာသည် ဆေးအနည်းငယ်မျှစီသာ ကျွေးသောနည်း ဖြင့် ကုသသောကုထုံး ဖြစ်သည်။ ဆေးဖက်ဝင်နွယ်မြက်သစ်ပင်ဆေးဝါးများ (Herbal medicine) နှင့် ၊ ရနံ့ ကုထုံး (aroma therapy)တို့သည် လည်း လူသိများ အသုံးဝင်လှသည်။ ၄င်းအပြင် ကုသနည်းမျိုးစုံကို အသုံးပြု၍ ကုသသောAllopathyဆေးပညာ၊ချာရာခါ (Charaka)ဖော်ထုတ်ခဲ့သော အယုဗ္ဗေဒ ဆေးပညာတို့သည်လည်း ထူးခြားလေးနက်မှု ရှိကြသည်။
သာမန်အားဖြင့် တရုတ်အပ်စိုက် ကုသပညာသည် အနောက်တိုင်း ဆေးပညာထက် အချိန်ကာလစောစွာ ပေါ်ပေါက်ခဲ့သည်။ယင်းကဲ့သို့သော ကုထုံးများကို alternative therapies (သို့)complementary therapies ကုထုံးများဟု ခေါ်ကြ သည်။
Ursula Sharma ( ၁၉၉၅)၏ သုတေသန ပြုချက် အရ alternatives ဆေးပညာ သုံးစွဲသော လူအုပ်စု(5) စု၏အခြေအနေများကို အောက်ပါ အတိုင်း တွေ့ရှိရသည်။
၁-ကြိုတင်ကာကွယ်သော နည်းလမ်းကိုသုံးစွဲလိုခြင်း၊ရောဂါကို ကုသခြင်းမျှမက အမြစ်ပြတ်ကာ ရှင်းပျောက်စေလိုခြင်း၊
၂-ဆေးဝါးတို့၏ ဘေးထွက်ဆိုးကျိုး ကို လက်မခံနိုင်ခြင်း၊
၃-လက်ရှိ ကုသမှု့နည်းလမ်းကို မနှစ်သက်ခြင်း(သို့) ကြောက်ရွံခြင်း၊
၎-ဆရာဝန် -လူနာ ဆက်ဆံရေးအခြေအနေ တချို့ကို မနှစ်မြို့ခြင်း၊
၅-လူမှု့ရေးနှင့် အတွေ့ အကြုံ ဆိုင်ရာကိစ္စရပ်များကို ဆေးသိပ္ပံပညာ သက်သက်က မကျော်လွှားနိုင်ခြင်း။
သို့ဖြစ်ရာ Alternative Health သည် ရုပ်နှင့်စိတ်တို့ကို ပေါင်းစပ် နေသော အစိတ်အပိုင်းနှစ်ခု (သို့)အစိတ်အပိုင်းနှစ်ခု ၏အပြည့်ဖြစ်စဉ် (as a whole)အဖြစ် ရှုမြင်သည်။ အတွင်းအပြင် ပယောဂ ပုံစံတို့၏ပေါင်းစပ်မှုအဖြစ် စဉ်းစားသည်။
တာအိုတို့၏ ယင်ယန်သင်္ကေတ (yin-yan symbol)အဖြစ် အနက် အဓိပ္ပါယ် ဖော်ဆောင်သည်။ယင်းကုထုံးပညာရှင်တို့သည် စက်ပြင်ဆရာထက် ပြောင်းလဲမှု့ကို နားလည်သဘောပေါက်သော ၊သဘာဝဖြစ်စဉ်ကို အထောက်အကူ ပြုသော၊မှန်ကန်သော ရာသီဥတု အခြေအနေကိုဖန်တီးသော ဥယျာဉ်မှူး တစ်ဦး နှင့် ပိုတူသည်။
ဆေးသိပ္ပံပညာဆိုင်ရာ ဖွင့်ဆိုရှင်းပြမှုများသည် ပြဿနာများ(problems)ဖြစ်သည်။(ဖြည့်စွက်ဆေးပညာ)(complementary medicine)သည်ပြဿနာမဟုတ်သော အခြားအရာတစ်ခု ( alternative)့ဖြစ်သည်။ ဆေးသိပ္ပံပညာက ရုပ်ခန္ဓာနှင့် စိတ်ကိုသီးသန့် ခွဲခြားမြင်သော Dualism ဖြစ်သည်။ Complementary ကပေါင်းစည်းသော Holistic အမြင်ဖြစ်သည်။ ဆေးသိပ္ပံပညာက ဖျားနာမှု့နှင့်ကုသမှု့ပေါ်ဂရုဓမ္မထားသည်။ Complementary က ကျန်းမာရေး နှင့် ကြိုတင်ကာကွယ်ရေးကိုအထူးအာရုံပြု သည်။ ဆေးသိပ္ပံပညာက ဖျားနာမှု( Illness)ကိုသာ ကုသဖို့ အလေးထားသည်။
complementary က လူပုဂ္ဂိုလ်တစ်ဦး ( a person)ကုသဖို့အလေးထား သည်။ ဆေးသိပံ္ပပညာ၏ ကျွမ်းကျင်မှု မှာ ဆရာဝန်ဖြစ်သည်။ Complementary ၏ပညာရှင်မှာ လူနာတို့၏ ပြောင်းလဲလိုသော အတွင်း ဆန္ဒ များကို စတင်ဖော်ထုတ် ပညာပေးမှု့ ကုထုံးပညာရှင် ဖြစ်သည်။ဆေးသိပံ္ပပညာက သဘာဝ တရားကိုကျော်လွှားအနိုင်ယူသည်။complementary က သဘာဝ ၏အပြုသဘော ဆောင်သောအားအင်များကို အသုံးချတန်ဆာ ဆင်သည်။ ဆေးသိပံ္ပပညာက ဆူးစူးသည်ကို ထွင်ပေးသည်။Complementary က
ဆူးထွင်ပေးသည့် အပြင် ဆူးရှိသောပန်းကို နေရာတကျပြန်လည် ထားရှိစေ သည်။
Ottawa ချာတာ
Alternative ဆေးပညာအကြောင်း လူသိများ ခေတ်စားစ အချိန် မှာပင် အနောက်တိုင်း ပေါ်လစီ ပြုလုပ်သူများသည်၎င်းနိုင်ငံသားတို့၏ ကျန်းမာရေးအခြေအနေကို အမြင့်မားဆုံးမြှင့်တင်၍ ပြန်လည်အကဲဖြတ် ပြင်ဆင်ခဲ့ကြသည်။ကျန်းမာရေးနှင့် ပတ်သက်၍ တွေးခေါ်ပုံနည်းလမ်းသစ် တစ်ရပ်ကို ကနေဒါကျန်းမာရေး ၀န်ကြီး Marc Lalonde က ၁၉၇၄ခုနှစ် တွင် အဆိုပြု တင်ပြ ခဲ့သည်။ ၄င်းအဆိုပြုချက်တွင် ကျန်းမာရေးထိခိုက်မှုကို ဖြစ်စေသော အဓိကအကြောင်းချင်းရာ (၄) ချက်ပါရှိခဲ့သည်။
၁-ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း ၊
၂-ဘ၀နေဟန် ၊
၃-ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများ ၊
၎-ဇီဝရုပ်ပိုင်းဆိုင်ရာအကျင့်စရိုက်များ။
ကျန်းမာရေးနှင့် ပတ်သက်၍ ဤကဲ့သို့ ပိုမိုရှုပ်ထွေး ကျယ်ပြန့် လာသော နည်းလမ်းများနှင့် ချဉ်းကပ်အဖြေရှာ လာရာအစိုးရ အဖွဲ့အစည်းများ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့သည် လူထုကျန်းမာရေး(National Public Health) အစီအစဉ် သစ်ကိုထုတ်ဖော်ကြေငြာခဲ့ကြ
သည်။ NPH ၏ချဉ်းကပ်ပုံ နည်းလမ်းသစ်သည် ရောဂါကုသခြင်းထက် ကျန်းမာရေးအသိရေချိန်မြင့်တင်မှု့ ကိုပိုမို ဓမ္မဂရုပြု သည်။
ကျန်းမာရေးအပေါ် သြဇာ လွှမ်းမိုးသော မျိုးပြားစုံလင်မှု့(diversity)ကို အသိအမှတ်ပြုသည်။ ကျန်းမာရေးမြှင့်တင်မှု့အတွက် Ottawa Charter ၏ ကျန်းမာရေး အဓိပ္ပါယ်ဖွင့်ဆိုချက်သစ်(၁၉၈၇)မှာထင်ရှားသည်။
ချာတာအရ- ကျန်းမာရေး တိုးတက်ထိန်းသိမ်းမြင့်မားစေရန် လူသားတိုင်း တတ်စွမ်း နိုင်သော လုပ်ငန်းစဉ်။ အုပ်စု(သို့)လူတစ်ဦး ချင်းစီအနေနှင့်ရုပ်ပိုင်း၊စိတ်ပိုင်းနှင့် လူမှု့ရေးဆိုင်ရာ မျှတပြည့်စုံသော အခြေအနေ လိုအပ်ချက်များ ကျေနပ် နှစ်သိမ့်မှုရှိရန် ပတ်ဝန်းကျင် အခြေအနေကိုကျော်လွှားအောင်မြင်ရန်( သို့) ပြောင်းလဲရန် တတ်စွမ်းနိုင်သောဖြစ်စဉ်။စသည်ဖြင့် ဖွင့်ဆိုခဲ့ သည်။
ကျန်းမာ ရေး မြှင့်တင်မှုသည် ကျန်းမာရေး၏အခန်းကဏ္ဍမျှမက အခြားဘက်စုံ ကဏ္ဍများ၏ တာဝန်ဝတ္တရား များနှင့် လည်းသက်ဆိုင်သည်ဟု ဖွင့်ဆိုခဲ့သည်။
ဤဖွင့်ဆိုချက်အရ NPH ၏အမာခံ ကျောရိုးတွင် လူမှူရေးနှင့် ဇီဝဗေဒဆိုင်ရာ၊စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊တစ်ဦးချင်းနှင့် အများဆိုင်ရာစသော အချက်အလက်များ ပူပေါင်းရောယှက် ပါဝင်နေသည်။ ကျန်းမာရေးဆိုင်ရာ အသွင်သဏ္ဍန်သစ် ကို ကျယ်ပြန့်နက်ရှိုင်းစွာ ပုံဖော်နေသည်။ ၄င်း NPHတွင် အဓိကသော့ချက်အစိတ်အပိုင်း(၂)ရပ် ပါဝင်နေသည်။ဘ၀နေဟန်(Life style)နှင့်စွန်စားရင်ဆိုင်ရမှု(risk)တို့ဖြစ်ကြသည်။
ဘ၀နေဟန်( Life style)
NPH၏ အသိအမှတ်ပြုလက် ခံထားသောဘ၀နေဟန်တွင် ခေတ်သစ် လူ့အဖွဲ့အစည်း၏ နစ္စဓူဝ လုပ်ကိုင်နေကြသောဆုံးဖြတ်ချက်များနှင့်အလေ့ အကျင့် ပေါင်းစပ်မှုများပါဝင်သည်။ ဥပမာ- ဘာစား၊ဘယ်နေရာသွား၊ဘယ်လို
ဝတ်ဆင်၊ဘယ်နေရာမှာဆက်ဆံရေးပြုလုပ်စသောအသေးအဖွဲပေါင်းများစွာ
ပါဝင် သည်။လူမှု့ရေးဆိုင်ရာ ဥပဓိသရုပ်(social identity)ကို တည်ဆောက်ရန် အခြေခံလိုအပ်သော ထောက်ပံ့မှု့များနှင့် စားသုံးမှု့(comsumption)များ
ပါဝင် သည်။
စူပါမားကတ် တစ်ခုတွင် သင်ရွေးချယ်သော အစာအဟာရ အမျိုးအစား တစ်ခုသည် သင်ရွေးချယ်သော ဘ၀နေဟန်ကို ကိုယ်စားပြုသည်။ ကုန်ပစ္စည်း၏ အညွှန်းတံဆိပ်ကို ကြည့်ရှု့၍ ကျန်းမာရေးကို ထိခိုက်နိုင်သော လူလုပ် ဆိုးဆေး များ ပါမပါ။preservative ဟုတ် မဟုတ်လတ်ဆတ်ခြင်းရှိ မရှိနှင့် ဓာတု ပစ္စည်း သုံးမသုံး ခွဲခြားသိရှိနိုင်သည်။ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာ သောက် သုံးခြင်းတို့သည်လည်းသင်ရွေးချယ်ထားသော ဘ၀နေဟန် တစ်ခု ပင်ဖြစ်ပါ သည်။ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းရှိ ခေတ်ပြိုင်ဘ၀များစွာ တို့တွင် ထိုကဲ့သို့သောကျန်းမာရေးဆိုင်ရာ ငြင်းဆိုရွေးချယ်မှုများကို အလျှံပယ်တွေ့နိုင် ပါသည်။
သုတေသနပြုချက်များအရ ကျန်းမာရေးကို ရွေးချယ် လိုက်စား သူများ တွင် မြင့်မားသော ကိုယ်ပိုင်စည်းကမ်း(self discipline) ကိုယ်ပိုင်ထိန်းသိမ်းမှု့ (self control) နှင့် စိတ်စွမ်းအား (will power) များရှိကြကြောင်း သိရှိရသည်။
စွန့်စားအန္တရာယ် ရှိမှု
စွန့်စားမှု တွင် အခွင့်အလမ်းထက် အန္တရာယ်က ရာခိုင်နှုန်းပိုမို များပြား စွာ တည်ရှိနေသည်။ မသေချာမရေရာမှု့များက တင်းကြပ် ပြည့်နေသည်။ အိုဇုန်းလွှာပေါက်ပြဲလာမှုကြောင့် ခရမ်းလွန်ရောင်ခြည် များပြားလာသည်။ နိုက်ထရပ်စ် အောက်ဆိုဒ်၊မီသိန်းနှင့်ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကြောင့် ဖန်လုံအိမ် အာနိသင်ရှိလာသည်။
အရေပြားကင်ဆာကဲ့သို့သော ကျန်းမာရေးအပေါ်ရေရှည် အကျိုးသက် ရောက်မှုများ ဖြစ်လာသည်။ ရှင်သန် ကျန်ရစ်ခဲ့ရမည့် အနာဂတ်မျိုးဆက် ကမ္ဘာကို ခြောက်အိမ် မက် မက်စေသည်။
တစ်ဦးချင်းစွန့်စားရမှုအနေနှင့်လည်း ဘ၀နေဟန်က အတိုင်းအတာ တစ်ခုအထိ ပါဝင်ပတ်သက်မှု ရှိပြန်သည်။ ၀င်ငွေနည်းပါးပါက ဘ၀နေဟန် ရွေးချယ်မှု့ အကန့်အသတ် ရှိကာ ကျန်းမာရေးဆိုင်ရာ စွန့်စားအန္တရာယ်ရှိမှု့ များပြားနိုင်သည်။ဈေးနှုံးချိုသာ၍ စားသုံးရသောအန္တရာယ်ရှိ အစားအစာ၊ နေအိမ်၊ သောက်သုံးရေ တို့ကို သုံးစွဲရနိုင်သည်။ အာစင်နစ် ရာခိုင်နှုန်း များပြား သောရေ ကိုသောက်မိနိုင်သည်။ညစ်ညမ်းသော လေထုက လူသားတို့၏ ကျန်းမာရေးဘ၀ကိုခြိမ်းခြောက် နေသော အန္တရာယ်များပင် ဖြစ်ကြပါသည်။
သို့ဖြစ်ရာ NPHသည် ကျန်းမာရေးမြှင့်တင်မြှုပုလုပ်ရန် ဆရာဝန်များ၏ အခန်းကဏ္ဍကိုပစ်ပယ်ထားခြင်းမရှိပါ။လူထုကိုပွင့်လင်းမြင်သာစေရန်(သို့)ကျန်းမာရေးပညာပေးမှု့များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် တောင်းဆို ပါသည်။မီဒီယာများ၏ အခန်းကဏ္ဍကို အဓိကအသုံးပြုသည်။ (ဥပမာ AIDS , မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ကပ်ရောဂါများအကြောင်း လူထုအတွင်းသို့ ပျံနှုံ့ ရောက်ရှိစေခြင်း) NGO အဖွဲ့အစည်းများစွာသည် ဤကဲ့သို့သော ကျန်းမာရေးပြုစုစောင့်ရှောက်မှု (သို့) ၀န်ဆောင်မှု့များကို ကမ္ဘာနှင့်တစ်ဝှမ်း ပြုလုပ်နေကြသည်။
ဆင်ခြင်ရန်အကြောင်းမှာ ကျန်းမာခြင်းသည် ရောဂါမရှိခြင်း (no disease)မဟုတ်ပါ ။ဖျားနာမှု(Illness) မရှိခြင်းမဟုတ်ပါ။း ဇီဝဗေဒ ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊သပ္ပယမျှတမှု၊မဟုတ်ပါ။သဘာဝနှင့်လူမှုရေးဆိုင်ရာ စွန့်စား အန္တရာယ်ရှိမှု့ မျှ မဟုတ်ပါ။
ဆေးဆိုင်တစ်ခုမှ ဆေးပုလင်းကို အလွယ်တကူဝယ်ယူ၍ ရသော အရာ များမဟုတ်ပါ။ ကျန်းမာစွာ နံနက်ခင်း အိပ်ယာထလာသူတစ်ဦး၏ တည် ဆောက်ယူရသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါသည်။
အီလက်ထရောနစ်အတတ်ကွာဟမှု နှင့် ဆေးဝါးအတတ်ကွာဟမှု(DrugDivide)ချောက်နက်ထဲသို့ ကမ္ဘာလူသားအားလုံး မကျဆင်းမိစေရန် တခြားတစ်ဘက်မှ ဆင်ခြင်ရန် အကြောင်းချင်းရာ တစ်ရပ်သာဖြစ်ပါသည်။
Ref: Whose health is it anyway?by Brenda smith and David Goldblatt 2004
မင်းစစ်အိမ်
သူယောင်မယ် လေလား
လွန်ခဲ့ သော ၁၀ နှစ် ခန့် က ဖြစ်သည်။
နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း ဖြစ် သည်။
အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။ရောက်လျှင်ရောက် ခြင်း
ဖုံးကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြ သည်။
ပထမ ဦးစွာ ကျွန်တော့် အိမ် ကို ဆက်သည်။
အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက် နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။
အိမ်နှင့်ပြောပြီး သော အခါ ကျွန်တော့် သူငယ်ချင်း ကို နေရာပေးပြီး ကျွန်တော့် သူငယ်ချင်း အလည့်…..
သူသည် ကျွန်တော့်ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ တယ်လီဖုံးကိုင် ရင်း
" YES !!! YES !!!" " OK !!!! OK !!! "
ဟုပြူး ပြူး ပျာ ပျာ ပြော နေ သည်။
ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့။
ကျွန်တော် က မင်း …ဘယ်သူနဲ့ ပြောနေတာလဲလို့ မေး သောအခါ မသိပါဘူး ကွာ ။ အိမ်ကို ဆက်တာ ဘယ်ရောက်သွားလဲ မသိဘူး ။
ကောင်မလေး တယောက်ကွ…ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…
ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပါတ်ကို ပြန် ခေါ် သော အခါ ကောင်မလေး အသံကြား ရ ပါ တယ် ။
ကောင်မလေး ပြောနေတာ ကတော့….
The number you have dialed is busy now,…..
please try again later….. တဲ့ ။
(This is copy right by prince ocean.)
အသက်ရှုခြင်း
ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။
ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာမောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာအော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီှးနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး
ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။
သက်ထွန်း
တွဲလက်များ
ရုပ်ထုလေးတစ်ခုပါပဲ ။
ဖန်တီးမှုတစ်ခုရဲ့နောက်ကွယ်မှာဘယ်တော့မှမရိုးတဲ့နမိတ်ပုံရှိတယ်။
အေးအတူပူအမျှဝေမျှခံစားမှုတွေရှိတယ်။
------------------------------ရှိတယ်။
----------------------------ရှိတယ်။
သံသရာတစ်ရိုးလျှောက်လှမ်းမယ့်တွဲလက်တွေကြားသစ္စာဖူးသောပန်းများပွင့်ပါစေသား ။
photographer : မင်းစစ်အိမ်
ရယ်ဒီမိတ် အလွမ်းများနဲ့ ချာချာလည်
အိပ်မပျော်၊ နေမရ ညနက်နက်ထဲ
စည်းချက်ပျက်ရင်ခုန်သံများနဲ့ 
အသည်းအိမ်ကတလှပ်လှပ် .. .
အမှတ်ရမှု ဗရဗွကတော့
စိတ်ကူးယဉ်မရဲတရဲနဲ့ ပဲ
မင်းနာမည်ကို အသံတိတ်ခေါ်နေမိတယ် .. .။
နှုတ်ဆိတ်သွားတဲ့
မျှော်လင့်ချက်အသေတွေနဲ့ 
စိတ်ကူးယဉ်အတွေးတံခါးကိုဖွင့်လိုက်တော့
ရင်တစ်ခုလုံး မှောင်အတိကျသွား
ဒီလိုလမိုက်ညများက
သံယောဇဉ်အကျိုးအပဲ့များနဲ့ 
တစ်စားပွဲထည်းထိုင်ရင်း
မင်းနာမည်ကိုပဲ ထပ်တလဲလဲရေရွတ်နေမိတယ် .. .။
အမှောင်ထဲခေါင်းငုံ့ ထားရတယ်
အထီးကျန် နှလုံးသားက .. .
လတစ်ခြမ်းပဲ့နဲ့ ကြေကွဲရင်း
လက်ရှိ အမြစ်မဲ့အချိန်တွေမှာ
အတိတ်ကအကြင်နာအရိပ်တွေကို
တမ်းတမ်းစွဲဖြစ်လို့  .. .။
ခုလောလောဆယ်တော့
တွယ်ရာမဲ့နှလုံးအိမ်ဟာ
ပကတိနှုတ်ဆိတ်ပြီး
ရယ်ဒီမိတ်အလွမ်းတွေနဲ့ ချာချာလည် .. .။
ညအမှောင်ထဲ ငုတ်တုတ်
အလွမ်းတွေနဲ့  ကိုယ့်ကိုယ်ကိုမသဲကွဲ
မိုးရွာထဲတစ်ယောက်တည်း လမ်းပျောက်နေသလိုမျိုးပေါ့
ရင်ထဲမှာတော့
အဆွေးတွေတစ်ပွေ့ ကြီးနဲ့ နွေးထွေး
အချစ်တွေ မြွေပွေးလို
ဘယ်တော့မှခေါင်းမထောင်တော့ဘူး .. .။
ကိုချို
မရှိ မဖြစ်
ကော်ဖီ တစ်ခွက် ၊ ဂီတာ တစ်လက်
ပီစီစက် နဲ့ နက်ဝါ့ခ် ကွန်နက်ရှင်
ဖတ်စရာ စာအုပ် ၊ မှတ်စရာ စာအုပ်
ဖောင်တိန် တစ်ချောင်း ၊ ဘီး တစ်လက်နဲ့
ရှင်...မရှိလည်း
ဖြစ်တယ်...ကိုလူပျို ။ ။
ဟနစံ